[Zawgyi]

ဂုဏ္ယူစရာပါ။ Tecno ဟာ ျမန္မာႏိုင္ငံမွာ အရမ္းႀကီး နာမည္မရေသးေပမယ့္ ကမာၻအႏွံ႔အျပားမွာေတာ့ သူ႔အရွိန္အဝါနဲ႔သူ ရွိေနၿပီးသားပါ။ အထူးသျဖင့္ Tecno စမတ္ဖုန္းေတြကို အာဖရိကနဲ႔ အာရွေစ်းကြက္ေတြမွာ ပစ္မွတ္ထားေရာင္းခ်တာျဖစ္ၿပီး ဥေရာပနဲ႔ ေတာင္အေမရိကႏိုင္ငံတခ်ိဴ႕မွာလည္း ထုတ္လုပ္ေရာင္းခ်လ်က္ ရွိပါတယ္။

ဒီေန႔မွာေတာ့ Tecno ဟာ သူတို႔ရဲ႕ ေနာက္ဆုံးထြက္ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Tecno Spark 3 Pro ကို ဘယ္ႏိုင္ငံမွာမွ မိတ္မဆက္ရေသးခင္ ျမန္မာႏိုင္ငံမွာ ဦးစြာပထမ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ၾကားသိခဲ့ရပါတယ္။ Tecno ဟာ ျမန္မာႏိုင္ငံမွာလည္း တရားဝင္႐ုံးခြဲရွိေနတဲ့ စမတ္ဖုန္းကုမၸဏီျဖစ္ၿပီး သူတို႔အေနနဲ႔ Spark 3 Pro ကို လာမယ့္ မတ္လ ၂၀ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

Tecno Spark 3 Pro ဟာ 6.2” IPS LCD Display ကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution က 720 x 1500 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ MediaTek Helio A22 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 2GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 32GB အထိထည့္သြင္းေပးထားၿပီး MicroSD 128GB အထိ ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။ 13MP+2MP AI Camera ေတြကို ေနာက္က်ဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို Notch ထဲမွာ ထည့္သြင္းတပ္ဆင္ထားပါတယ္။

လုံၿခဳံေရးစနစ္အတြက္ Fingerprint Sensor ပါဝင္မွာျဖစ္သလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏ 3500mAh ထည့္သြင္းေပးထားေပမယ့္ Budget စမတ္ဖုန္း အမ်ိဴးအစားျဖစ္တာေၾကာင့္ အျမန္အားသြင္းစနစ္ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ Tecno Spark 3 Pro ရဲ႕ ေစ်းႏႈန္းကို အတိအက် မသိရေသးေပမယ့္ ကန္ေဒၚလာ ၁၂၀ (ျမန္မာေငြ ၁၈၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

[Unicode]

Spark 3 Pro စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်သွားမယ့် Tecno

ဂုဏ်ယူစရာပါ။ Tecno ဟာ မြန်မာနိုင်ငံမှာ အရမ်းကြီး နာမည်မရသေးပေမယ့် ကမ္ဘာအနှံ့အပြားမှာတော့ သူ့အရှိန်အဝါနဲ့သူ ရှိနေပြီးသားပါ။ အထူးသဖြင့် Tecno စမတ်ဖုန်းတွေကို အာဖရိကနဲ့ အာရှစျေးကွက်တွေမှာ ပစ်မှတ်ထားရောင်းချတာဖြစ်ပြီး ဥရောပနဲ့ တောင်အမေရိကနိုင်ငံတချိူ့မှာလည်း ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။

ဒီနေ့မှာတော့ Tecno ဟာ သူတို့ရဲ့ နောက်ဆုံးထွက် မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Tecno Spark 3 Pro ကို ဘယ်နိုင်ငံမှာမှ မိတ်မဆက်ရသေးခင် မြန်မာနိုင်ငံမှာ ဦးစွာပထမ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြားသိခဲ့ရပါတယ်။ Tecno ဟာ မြန်မာနိုင်ငံမှာလည်း တရားဝင်ရုံးခွဲရှိနေတဲ့ စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး သူတို့အနေနဲ့ Spark 3 Pro ကို လာမယ့် မတ်လ ၂၀ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Tecno Spark 3 Pro ဟာ 6.2” IPS LCD Display ကို အသုံးပြုထားတာ ဖြစ်ပြီး Resolution က 720 x 1500 pixels ရှိပါတယ်။ Processor အပိုင်းအတွက် MediaTek Helio A22 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 2GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 32GB အထိထည့်သွင်းပေးထားပြီး MicroSD 128GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။ 13MP+2MP AI Camera တွေကို နောက်ကျဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို Notch ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။

လုံခြုံရေးစနစ်အတွက် Fingerprint Sensor ပါဝင်မှာဖြစ်သလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 3500mAh ထည့်သွင်းပေးထားပေမယ့် Budget စမတ်ဖုန်း အမျိူးအစားဖြစ်တာကြောင့် အမြန်အားသွင်းစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Tecno Spark 3 Pro ရဲ့ စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် ကန်ဒေါ်လာ ၁၂၀ (မြန်မာငွေ ၁၈၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။