[Zawgyi]

Qualcomm က မူပိုင္ခြင့္နဲ႔တရားစြဲဆိုၿပီး Apple ရဲ႕ iPhone ေရာင္းခ်မႈေတြကို ပိတ္ပင္ေနတဲ့ကိစၥဟာ တ႐ုတ္မွာေအာင္ျမင္ခဲ့ၿပီး ဂ်ာမနီမွာလည္း ေအာင္ျမင္ခဲ့ပါတယ္။ အခုလည္း အေမရိကန္ ITC Judge က Apple ရဲ႕ iPhone ေတြဟာ Qualcomm ရဲ႕ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္တာေၾကာင့္ ပိတ္ပင္သင့္တယ္လို႔ ေျပာေနၿပီ ျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံတကာကုန္သြယ္ေရး ေကာ္မရွင္ (US ITC) က Qualcomm နဲ႔ Apple ၾကားက အမႈကိစၥကို ကိုင္တြယ္ေနတာျဖစ္ၿပီး အမႈတြဲႏွစ္ခုမွာ တစ္ခုကေတာ့ Apple ဟာ ဘာမွက်ဴးလြန္ခ်ိဳးေဖာက္ျခင္းမရွိဘဲ တရားစြဲဆိုထားျခင္းက ကင္းလြတ္ေၾကာင္းေတြ႕ရၿပီး အျခားအမႈတြဲမွာေတာ့ Apple ဟာ Qualcomm ရဲ႕ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္ထားေၾကာင္း ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။

အုပ္ခ်ဳပ္ေရးဆိုင္ရာ ဥပေဒတရားသူႀကီး MaryJoan McNamara ကေတာ့ သူမအေနနဲ႔ မူပိုင္ခြင့္ခ်ိဳးေဖာက္မႈ သက္ေရာက္တဲ့ iPhone ေတြကို ပိတ္ပင္ဖို႔ ေထာက္ခံေၾကာင္း ေရးသားခဲ့ပါတယ္။ Qualcomm ကေတာ့ Apple chipsets ေတြျဖစ္တဲ့ A10 ကေန A12 ဟာ သူတို႔ရဲ႕ ဉာဏမူပိုင္ခြင့္နဲ႔ ၿငိစြန္းေနတယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

Qualcomm ရဲ႕ ဒီစြပ္စြဲခ်က္သာ မွန္ကန္ခဲ့ရင္ေတာ့ မူလက ပစ္မွတ္ထားၿပီး ပိတ္ပင္ဖို႔ ႀကိဳးစားခဲ့တဲ့ iPhone 7 နဲ႔ iPhone 7 Plus ေတြအျပင္ ေနာက္ဆုံးေမာ္ဒယ္ျဖစ္တဲ့ iPhone XS အထိ ၿငိစြန္းေနတယ္လို႔ ဆိုရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုထြက္ရွိလာတဲ့ ဆုံးျဖတ္ခ်က္ဟာ ေနာက္ဆုံးခ်မွတ္မယ့္ စီရင္ခ်က္ အဆင့္မဟုတ္ေသးတာေၾကာင့္ Apple အေနနဲ႔ ႀကိဳးစားခြင့္ရဦးမွာပါ။

အကယ္၍ တရား႐ုံးက Qualcomm ကို အႏိုင္ေပးၿပီး မူပိုင္ခြင့္နဲ႔ ၿငိစြန္းေနတဲ့ iPhone ေတြကို မေရာင္းခ်ဖို႔ ပိတ္ပင္ခဲ့မယ္ဆိုရင္ေတာင္မွ Intel modems သုံးထားတဲ့ iPhone ေတြမွာပဲ သက္ေရာက္မွာ ျဖစ္ပါတယ္။ Verizon နဲ႔ Sprint ကြန္ရက္ေတြကေတာ့ အခုထိ Qualcomm modem ပဲ သုံးေနတာေၾကာင့္ ဒီေမာ္ဒယ္ေတြကိုေတာ့ သက္ေရာက္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

အမေရိကန်မှာလည်း ပိတ်ပင်ခံရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတဲ့ Apple

Qualcomm က မူပိုင်ခွင့်နဲ့တရားစွဲဆိုပြီး Apple ရဲ့ iPhone ရောင်းချမှုတွေကို ပိတ်ပင်နေတဲ့ကိစ္စဟာ တရုတ်မှာအောင်မြင်ခဲ့ပြီး ဂျာမနီမှာလည်း အောင်မြင်ခဲ့ပါတယ်။ အခုလည်း အမေရိကန် ITC Judge က Apple ရဲ့ iPhone တွေဟာ Qualcomm ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်တာကြောင့် ပိတ်ပင်သင့်တယ်လို့ ပြောနေပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတကာကုန်သွယ်ရေး ကော်မရှင် (US ITC) က Qualcomm နဲ့ Apple ကြားက အမှုကိစ္စကို ကိုင်တွယ်နေတာဖြစ်ပြီး အမှုတွဲနှစ်ခုမှာ တစ်ခုကတော့ Apple ဟာ ဘာမှကျူးလွန်ချိုးဖောက်ခြင်းမရှိဘဲ တရားစွဲဆိုထားခြင်းက ကင်းလွတ်ကြောင်းတွေ့ရပြီး အခြားအမှုတွဲမှာတော့ Apple ဟာ Qualcomm ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ထားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတရားသူကြီး MaryJoan McNamara ကတော့ သူမအနေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှု သက်ရောက်တဲ့ iPhone တွေကို ပိတ်ပင်ဖို့ ထောက်ခံကြောင်း ရေးသားခဲ့ပါတယ်။ Qualcomm ကတော့ Apple chipsets တွေဖြစ်တဲ့ A10 ကနေ A12 ဟာ သူတို့ရဲ့ ဉာဏမူပိုင်ခွင့်နဲ့ ငြိစွန်းနေတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

Qualcomm ရဲ့ ဒီစွပ်စွဲချက်သာ မှန်ကန်ခဲ့ရင်တော့ မူလက ပစ်မှတ်ထားပြီး ပိတ်ပင်ဖို့ ကြိုးစားခဲ့တဲ့ iPhone 7 နဲ့ iPhone 7 Plus တွေအပြင် နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ iPhone XS အထိ ငြိစွန်းနေတယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုထွက်ရှိလာတဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးချမှတ်မယ့် စီရင်ချက် အဆင့်မဟုတ်သေးတာကြောင့် Apple အနေနဲ့ ကြိုးစားခွင့်ရဦးမှာပါ။

အကယ်၍ တရားရုံးက Qualcomm ကို အနိုင်ပေးပြီး မူပိုင်ခွင့်နဲ့ ငြိစွန်းနေတဲ့ iPhone တွေကို မရောင်းချဖို့ ပိတ်ပင်ခဲ့မယ်ဆိုရင်တောင်မှ Intel modems သုံးထားတဲ့ iPhone တွေမှာပဲ သက်ရောက်မှာ ဖြစ်ပါတယ်။ Verizon နဲ့ Sprint ကွန်ရက်တွေကတော့ အခုထိ Qualcomm modem ပဲ သုံးနေတာကြောင့် ဒီမော်ဒယ်တွေကိုတော့ သက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSMArena