[Zawgyi]

လာမယ့္ ဧျပီလ (၅)ရက္ေန႔မွာ Galaxy S10 5Gကို ကိုရီးယားႏိုင္ငံမွာ မိတ္ဆက္မယ္လို႔ Samsung ကတရားဝင္ေျပာၾကားလိုက္ပါတယ္။ျပီးခဲ့တဲ့ MWC အၾကိဳပြဲမွာ Samsung ဟာသူ႔ရဲ႕ မ်ိဳးဆက္သစ္စမတ္ဖုန္းေတြျဖစ္တဲ့ S10, S10+, S10e နဲ႔ ေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္း Galaxy Fold တို႔အျပင္ S10 5G ကိုလည္း မိတ္ဆက္သြားခဲ့ပါေသးတယ္။ယခုေတာ့ ဒီ 5G အသံုးျပဳႏိုင္တဲ့ S10 ကို တစ္ကယ္ဝယ္လို႔ ရေတာ့မွာျဖစ္ပါတယ္။

သတင္းထုတ္ျပန္တစ္ခုအရ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေလာက္ကတည္းက Samsung ဟာ ဆင္းမ္ကဒ္ထုတ္လုပ္သူေတြ၊ Software Developer ေတြနဲ႔ ပူေပါင္းျပီးေတာ့ 5G Network တစ္ကယ္ရရွိဖို႔ ၾကိဳးစားေနခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ဒါ့အျပင္ ေတာင္ကိုရီးယားႏိုင္ငံမွာ 5G Network ကို စတင္ထုတ္လႊင့္ခဲ့တဲ့ ၂၀၁၈ ခုနွစ္ ဒီဇင္ဘာလ (၁) ရက္ေန႔မွာေတာ့ Samsung ဟာ 5G ေထာက္ပံေပးႏိုင္တဲ့ စမတ္ဖုန္းတစ္လံုးကို ေရာင္းခ်ဖို႔ အသင့္ျဖစ္ေနခဲ့ပါျပီ။

ဒီ S10 5G ဟာ ပံုမွန္ S10 နဲ႔ ဒီဇိုင္းပံုစံတူျပီး 5G Network ေထာက္ပံေပးႏိုင္တာတစ္ခုသာ ကြဲျပားတာမဟုတ္ဘဲ မတူညီတဲ့ ဖုန္းတစ္လံုးအေနနဲ႔ ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။သူ႔မွာ ၆.၇ လက္မ ရွိတဲ့ Quad HD +  Curved AMOLED မ်က္ႏွာျပင္၊ Galaxy S10 Plus လိုမ်ိဳး ေက်ာဘက္ကင္မရာ (၃)လံုးတပ္ဆင္ထားတဲ့အျပင္ 3D Depth Sensorတစ္ခုပါ အပိုပါဝင္လာျပီး RAM အေနနဲ႔ 8GB ပါဝင္မွာျဖစ္ျပီး Internal Storage အတြက္ေတာ့ 256 GB နဲ႔ 512 GB ဆိုျပီး (၂)မ်ိဳးရရွိႏိုင္မွာျဖစ္ပါတယ္။ Battery အေနနဲ႔ကေတာ့ 4500mAh ရွိတဲ့ Battery ကိုတပ္ဆင္ေပးထားျပီး 25W Fast Chargingလည္း ရရွိဦးမွာ ျဖစ္ပါတယ္။စိတ္မေကာင္းစရာတစ္ခုကေတာ့ Samsung ဟာ အခုခ်ိန္ထိ ဒီဖုန္းရဲ႕ ေစ်းႏွဳန္း နဲ႔ တစ္ျခားႏိုင္ငံေတြ ဘယ္အခ်ိန္မွာ စတင္ျဖန္႔ခ်ိေရာင္းခ်မလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးတာပဲ ျဖစ္ပါတယ္။ဒါေၾကာင့္ S10 5G ရဲ႕တစ္ကမၻာလံုးကို ေရာင္းခ်မယ့္အခ်ိန္ကို ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနရဦးျဖစ္ပါတယ္။

Source – Gsmarena

[Unicode]

Samsung ဟာ လာမယ့် ဧပြီလ (၅)ရက်နေ့မှာ Galaxy S10 5Gကို ကိုရီးယားနိုင်ငံမှာ မိတ်ဆက်မယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ MWC အကြိုပွဲမှာ Samsung ဟာသူ့ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေဖြစ်တဲ့ S10, S10+, S10e နဲ့ ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်း Galaxy Fold တို့အပြင် S10 5G ကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။ယခုတော့ ဒီ 5G အသုံးပြုနိုင်တဲ့ S10 ကို တစ်ကယ်ဝယ်လို့ ရတော့မှာဖြစ်ပါတယ်။

သတင်းထုတ်ပြန်တစ်ခုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက Samsung ဟာ ဆင်းမ်ကဒ်ထုတ်လုပ်သူတွေ၊ Software Developer တွေနဲ့ ပူပေါင်းပြီးတော့ 5G Network တစ်ကယ်ရရှိဖို့ ကြိုးစားနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှာ 5G Network ကို စတင်ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာတော့ Samsung ဟာ 5G ထောက်ပံပေးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးကို ရောင်းချဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

ဒီ S10 5G ဟာ ပုံမှန် S10 နဲ့ ဒီဇိုင်းပုံစံတူပြီး 5G Network ထောက်ပံပေးနိုင်တာတစ်ခုသာ ကွဲပြားတာမဟုတ်ဘဲ မတူညီတဲ့ ဖုန်းတစ်လုံးအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။သူ့မှာ ၆.၇ လက်မ ရှိတဲ့ Quad HD +  Curved AMOLED မျက်နှာပြင်၊ Galaxy S10 Plus လိုမျိုး ကျောဘက်ကင်မရာ (၃)လုံးတပ်ဆင်ထားတဲ့အပြင် 3D Depth Sensorတစ်ခုပါ အပိုပါဝင်လာပြီး RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး Internal Storage အတွက်တော့ 256 GB နဲ့ 512 GB ဆိုပြီး (၂)မျိုးရရှိနိုင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4500mAh ရှိတဲ့ Battery ကိုတပ်ဆင်ပေးထားပြီး 25W Fast Chargingလည်း ရရှိဦးမှာ ဖြစ်ပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ Samsung ဟာ အခုချိန်ထိ ဒီဖုန်းရဲ့ ဈေးနှုန်း နဲ့ တစ်ခြားနိုင်ငံတွေ ဘယ်အချိန်မှာ စတင်ဖြန့်ချိရောင်းချမလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။ဒါကြောင့် S10 5G ရဲ့တစ်ကမ္ဘာလုံးကို ရောင်းချမယ့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေရဦးဖြစ်ပါတယ်။

Source – Gsmarena