[Zawgyi]

Galaxy S10 စီးရီးရဲ႕ Selfie ကင္မရာ အေပါက္ေနရာေတြကို ေကာင္းေကာင္းမြန္မြန္ အသုံးခ်ႏိုင္ဖို႔အတြက္ Wallpapers က စလို႔ Battery Indicator အထိ အမ်ိဴးမ်ိဴးေသာ တီထြင္ဆန္းသစ္မႈေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီတစ္ေခါက္မွာလည္း Galaxy S10 ရဲ႕ Selfie ကင္မရာ အေပါက္ေနရာ ပတ္ခ်ာလည္မွာ ေရာင္စုံမီးေလးေတြ ထြန္းလင္းေပးႏိုင္မယ့္ Application ေလးတစ္ခု ထြက္ေပၚလာျပန္ပါတယ္။

အဆိုပါ Application ေလးကို Android Developer ျဖစ္တဲ့ Chainfire ကေန ဖန္တီးေရးဆြဲထားတာျဖစ္ၿပီး Holey Light လို႔ ကင္ပြန္းတပ္ေပးထားပါတယ္။ Holey Light App ဟာ ကင္မရာ အေပါက္ ေဘးပတ္ပတ္လည္မွာရွိတဲ့ ေနရာေလးမွာ Notification ဝင္လာတိုင္း မီးဝိုင္းေလး ပတ္ေျပးေနတဲ့ ပုံသ႑ာန္ကို ျပသေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Camera App ကို ဖြင့္တဲ့အခါမွာလည္း အဆိုပါ ပုံစံေလးကို ျပသေပးတယ္လို႔ သိရပါတယ္။ ( Holey Light ဟာ မိမိႏွစ္သက္ရာ အေရာင္ေလးေတြကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္သလား ဒါမွမဟုတ္ အေရာင္မ်ိဴးစုံကို တခါတည္းျပေအာင္ လုပ္ႏိုင္သလားဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး)

Holey Light App နဲ႔ ပတ္သက္ၿပီး သတိခ်ပ္စရာရွိတာက အဆိုပါ App ဟာ Lockscreen ေပၚမွာ အလုပ္မလုပ္ဘူးလို႔ ဆိုပါတယ္။ Screen ပိတ္ထားတဲ့အခ်ိန္ ဒါမွမဟုတ္ ဖုန္းအားသြင္းေနတဲ့အခ်ိန္ေတြမွာ မီးလင္းေအာင္ လုပ္ဖို႔အတြက္ ေလ့လာစမ္းသပ္ေနဆဲ Feature ကို Chainfire က ထည့္သြင္းေပးထား ေပမယ့္လည္း Android Authority ကေတာ့ ေကာင္းစြာ အလုပ္မလုပ္ႏိုင္ေသးဘူးလို႔ ေဖာ္ျပထားပါတယ္။

အထက္ေဖာ္ျပပါ အားနည္းခ်က္ေတြကို လစ္လ်ဴရႈ႕ႏိုင္တယ္ဆိုရင္ေတာ့ Chainfire က ဖန္တီးေရးဆြဲထားတဲ့ Holey Light App ကို ဒီမွာ Download လုပ္ႏိုင္ပါတယ္။ အဆိုပါ App ကို Galaxy S10, S10 Plus နဲ႔ S10e ေတြမွာ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။

Ref : Android Authority

[Unicode]

Galaxy S10 ရဲ့ Selfie ကင်မရာ အပေါက်နေရာကို မီးဝိုင်းလေးလင်းအောင် ဘယ်လိုလုပ်မလဲ ?

Galaxy S10 စီးရီးရဲ့ Selfie ကင်မရာ အပေါက်နေရာတွေကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်ဖို့အတွက် Wallpapers က စလို့ Battery Indicator အထိ အမျိူးမျိူးသော တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာလည်း Galaxy S10 ရဲ့ Selfie ကင်မရာ အပေါက်နေရာ ပတ်ချာလည်မှာ ရောင်စုံမီးလေးတွေ ထွန်းလင်းပေးနိုင်မယ့် Application လေးတစ်ခု ထွက်ပေါ်လာပြန်ပါတယ်။

အဆိုပါ Application လေးကို Android Developer ဖြစ်တဲ့ Chainfire ကနေ ဖန်တီးရေးဆွဲထားတာဖြစ်ပြီး Holey Light လို့ ကင်ပွန်းတပ်ပေးထားပါတယ်။ Holey Light App ဟာ ကင်မရာ အပေါက် ဘေးပတ်ပတ်လည်မှာရှိတဲ့ နေရာလေးမှာ Notification ဝင်လာတိုင်း မီးဝိုင်းလေး ပတ်ပြေးနေတဲ့ ပုံသဏ္ဍာန်ကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Camera App ကို ဖွင့်တဲ့အခါမှာလည်း အဆိုပါ ပုံစံလေးကို ပြသပေးတယ်လို့ သိရပါတယ်။ ( Holey Light ဟာ မိမိနှစ်သက်ရာ အရောင်လေးတွေကို ရွေးချယ်အသုံးပြုနိုင်သလား ဒါမှမဟုတ် အရောင်မျိူးစုံကို တခါတည်းပြအောင် လုပ်နိုင်သလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး)

Holey Light App နဲ့ ပတ်သက်ပြီး သတိချပ်စရာရှိတာက အဆိုပါ App ဟာ Lockscreen ပေါ်မှာ အလုပ်မလုပ်ဘူးလို့ ဆိုပါတယ်။ Screen ပိတ်ထားတဲ့အချိန် ဒါမှမဟုတ် ဖုန်းအားသွင်းနေတဲ့အချိန်တွေမှာ မီးလင်းအောင် လုပ်ဖို့အတွက် လေ့လာစမ်းသပ်နေဆဲ Feature ကို Chainfire က ထည့်သွင်းပေးထား ပေမယ့်လည်း Android Authority ကတော့ ကောင်းစွာ အလုပ်မလုပ်နိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အထက်ဖော်ပြပါ အားနည်းချက်တွေကို လစ်လျူရှု့နိုင်တယ်ဆိုရင်တော့ Chainfire က ဖန်တီးရေးဆွဲထားတဲ့ Holey Light App ကို ဒီမှာ Download လုပ်နိုင်ပါတယ်။ အဆိုပါ App ကို Galaxy S10, S10 Plus နဲ့ S10e တွေမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref : Android Authority