[Zawgyi]

ၿပီးခဲ့တဲ့လအတြင္း အၾကိမ္အနည္းငယ္ သတင္းထြက္ခဲ့တဲ့ Huawei Y5 2019 စမတ္ဖုန္းကေတာ့ တရားဝင္ထြက္ေပၚလာခဲ့ပါၿပီ။ ဒီဖုန္းဟာ ပိုေသးတဲ့ Screen ၊ ပိုနည္းတဲ့ RAM မန္မုိရီတုိ႔နဲ႔ ဝိတ္ခ်ထားတဲ့ Huawei Y6 Pro 2019 ပါပဲ။

Y6 Pro 2019 ဖုန္းဟာ 6.09” လက္မအရြယ္ Display နဲ႔ပြဲထြက္ခဲ့ၿပီး 3GB RAM မန္မုိရီနဲ႔ 8MP ဆယ္ဖီ ကင္မရာတုိ႔ ပါဝင္ခဲ့တယ္။ Y5 2019 မွာေတာ့ 5.71” လက္မအရြယ္ Screen တစ္ခု၊ 2GB RAM မန္မုိရီနဲ႔ 5MP ဆယ္ဖီကင္မရာတုိ႔သာ ပါဝင္ပါတယ္။ ဒီကြာျခားခ်က္ကလြဲရင္ေတာ့ ဖုန္းႏွစ္လုံးဟာ က်န္တဲ့အစိတ္အပုိင္းေတြမွာ အတူတူပါပဲ။

Huawei Y5 2019 စမတ္ဖုန္းမွာ Helio A22 ခ်စ္ပ္ဆက္ကို အသုံးျပဳလာကာ Android 9 Pie ကို အေျခခံထားတဲ့ EMUI 9 ကုိတစ္ပါတည္း ထည့္သြင္းလာတယ္။ Storage ပုိင္းမွာေတာ့ 16GB နဲ႔ 32GB ဆုိၿပီး ႏွစ္မ်ဳိးေရြးခ်ယ္လို႔ရတယ္။ မလုံေလာက္ဘူးဆုိရင္လည္း 512GB ထိ ထပ္တုိးႏုိင္မယ့္ MicroSD ကတ္အတြက္ ေနရာသက္သက္ပါဝင္တယ္။

ေနာက္ဘက္မွာေတာ့ 13MP ကင္မရာပါၿပီး 3,020mAh ဘကၳရီ ျဖစ္ပါတယ္။ အေရာင္ကေတာ့ Midnight Black, Modern Black, Amber Brown နဲ႔ Sapphire Blue ဆုိၿပီး ေလးမ်ဳိးထြက္လာတယ္။ အျပာေရာင္ကလြဲရင္ က်န္တဲ့ဗားရွင္းေတြဟာ လည္သာဖုံးအပ္ထားတဲ့ကိုယ္ထည္ေတြနဲ႔ ထြက္လာပါတယ္။

ေလာေလာလတ္လတ္မိတ္ဆက္လာတဲ့ Huawei Y5 2019 အတြက္ ရရွိႏုိင္မယ့္ ေစ်းကြက္ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့လအတွင်း အကြိမ်အနည်းငယ် သတင်းထွက်ခဲ့တဲ့ Huawei Y5 2019 စမတ်ဖုန်းကတော့ တရားဝင်ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဖုန်းဟာ ပိုသေးတဲ့ Screen ၊ ပိုနည်းတဲ့ RAM မန်မိုရီတို့နဲ့ ဝိတ်ချထားတဲ့ Huawei Y6 Pro 2019 ပါပဲ။

Y6 Pro 2019 ဖုန်းဟာ 6.09” လက်မအရွယ် Display နဲ့ပွဲထွက်ခဲ့ပြီး 3GB RAM မန်မိုရီနဲ့ 8MP ဆယ်ဖီ ကင်မရာတို့ ပါဝင်ခဲ့တယ်။ Y5 2019 မှာတော့ 5.71” လက်မအရွယ် Screen တစ်ခု၊ 2GB RAM မန်မိုရီနဲ့ 5MP ဆယ်ဖီကင်မရာတို့သာ ပါဝင်ပါတယ်။ ဒီကွာခြားချက်ကလွဲရင်တော့ ဖုန်းနှစ်လုံးဟာ ကျန်တဲ့အစိတ်အပိုင်းတွေမှာ အတူတူပါပဲ။

Huawei Y5 2019 စမတ်ဖုန်းမှာ Helio A22 ချစ်ပ်ဆက်ကို အသုံးပြုလာကာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9 ကိုတစ်ပါတည်း ထည့်သွင်းလာတယ်။ Storage ပိုင်းမှာတော့ 16GB နဲ့ 32GB ဆိုပြီး နှစ်မျိုးရွေးချယ်လို့ရတယ်။ မလုံလောက်ဘူးဆိုရင်လည်း 512GB ထိ ထပ်တိုးနိုင်မယ့် MicroSD ကတ်အတွက် နေရာသက်သက်ပါဝင်တယ်။

နောက်ဘက်မှာတော့ 13MP ကင်မရာပါပြီး 3,020mAh ဘက္ထရီ ဖြစ်ပါတယ်။ အရောင်ကတော့ Midnight Black, Modern Black, Amber Brown နဲ့ Sapphire Blue ဆိုပြီး လေးမျိုးထွက်လာတယ်။ အပြာရောင်ကလွဲရင် ကျန်တဲ့ဗားရှင်းတွေဟာ လည်သာဖုံးအပ်ထားတဲ့ကိုယ်ထည်တွေနဲ့ ထွက်လာပါတယ်။

လောလောလတ်လတ်မိတ်ဆက်လာတဲ့ Huawei Y5 2019 အတွက် ရရှိနိုင်မယ့် ဈေးကွက်တွေနဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena