[Zawgyi]
Huawei ဟာ ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ မိုဘိုင္းလ္နဲ႔ ကြန္ပ်ဴတာသုံး ေမာင္းႏွင္မႈစနစ္အတြက္ မွတ္ပုံတင္ဖို႔ ျပဳလုပ္ထားေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါတယ္။ Harmony အမည္နဲ႔ ဒီ OS ဟာ Huawei ရဲ႕ ကိုယ္ပိုင္ OS တစ္ခုျဖစ္ဖြယ္ရွိၿပီး Ark နဲ႔ တူညီမယ္လို႔ ယူဆရပါတယ္။
Huawei ဟာ ကိုယ္ပိုင္ OS ကို တ႐ုတ္ျပည္တြင္းသီးသန႔္နဲ႔ ႏိုင္ငံတကာေဈးကြက္အတြက္ ဆိုၿပီးႏွစ္မ်ိဳးႏွစ္စား ခြဲျခားထားမယ္လို႔လည္း သတင္းထြက္ေပၚေနတာပါ။ ဒီ OS ရဲ႕ မူရင္းနာမည္အျဖစ္ လူသိမ်ားတာဟာ HongMeng ျဖစ္ၿပီး Ark ဒါမွမဟုတ္ Harmony အမည္နဲ႔ အသုံးျပဳႏိုင္ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။
ဇြန္လလယ္ေလာက္က ထြက္ေပၚထားတဲ့ သတင္းမွာေတာ့ Huawei ဟာ HongMeng အမည္ကို ကမာၻ႔ဉာဏပစၥည္းဆိုင္ရာ မူပိုင္ခြင့္အဖြဲ႕အစည္းမွာ မွတ္ပုံတင္ေနေၾကာင္းကို ေတြ႕ျမင္ခဲ့ရပါတယ္။ မူလကေတာ့ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ Huawei ထုတ္ကုန္ေတြမွာ Android ကို အသုံးျပဳခြင့္မရေတာ့ရင္ ကိုယ္ပိုင္ OS သုံးႏိုင္ဖို႔ လုံးပမ္းခဲ့တယ္လို႔ ထင္ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ တ႐ုတ္နည္းပညာကုမၸဏီဟာ သူတို႔ရဲ႕ အိပ္မက္ကို ဆက္လက္အေကာင္အထည္ေဖာ္ေနတဲ့ အေျခအေနအျဖစ္ ျမင္ေတြ႕ေနရတာပဲ ျဖစ္ပါတယ္။
Huawei ရဲ႕ ကိုယ္ပိုင္ OS ဟာ စမတ္ဖုန္းအျပင္၊ Router, Network Switch, Tablet, ကြန္ပ်ဴတာေတြနဲ႔ ေဒတာစင္တာေတြမွာပါ သုံးႏိုင္တဲ့အျပင္ MacOS ထက္လည္း ပိုျမန္သလို၊ Android ထက္ ၆၀% လည္းပိုျမန္တယ္လို႔ သတင္းထြက္ေပၚေနတာေၾကာင့္ နည္းပညာစိတ္ဝင္စားသူတိုင္းက ေစာင့္ၾကည့္ေနၾကရတဲ့ OS တစ္ခုလည္း ျဖစ္ပါတယ္။
Samsung လည္း ကိုယ္ပိုင္ OS ကို ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို Windows လည္း Mobile OS မွာ က်ရႈံးခဲ့ဖူးပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႔ေရာ Android ေနရာမွာ အစားထိုးႏိုင္မယ့္ ကိုယ္ပိုင္ OS ကိုအေကာင္အထည္ေဖာ္ရာမွာ ဘယ္ေလာက္ထိ ေအာင္ျမင္မလဲဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
Ref: GSM Arena
[Unicode]
Harmony အမည်နဲ့ ကိုယ်ပိုင် OS ကို မူပိုင်ခွင့် မှတ်ပုံတင်ဖို့ ကြိုးပမ်းနေတဲ့ Huawei
Huawei ဟာ ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ မိုဘိုင်းလ်နဲ့ ကွန်ပျူတာသုံး မောင်းနှင်မှုစနစ်အတွက် မှတ်ပုံတင်ဖို့ ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Harmony အမည်နဲ့ ဒီ OS ဟာ Huawei ရဲ့ ကိုယ်ပိုင် OS တစ်ခုဖြစ်ဖွယ်ရှိပြီး Ark နဲ့ တူညီမယ်လို့ ယူဆရပါတယ်။
Huawei ဟာ ကိုယ်ပိုင် OS ကို တရုတ်ပြည်တွင်းသီးသန့်နဲ့ နိုင်ငံတကာဈေးကွက်အတွက် ဆိုပြီးနှစ်မျိုးနှစ်စား ခွဲခြားထားမယ်လို့လည်း သတင်းထွက်ပေါ်နေတာပါ။ ဒီ OS ရဲ့ မူရင်းနာမည်အဖြစ် လူသိများတာဟာ HongMeng ဖြစ်ပြီး Ark ဒါမှမဟုတ် Harmony အမည်နဲ့ အသုံးပြုနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ဇွန်လလယ်လောက်က ထွက်ပေါ်ထားတဲ့ သတင်းမှာတော့ Huawei ဟာ HongMeng အမည်ကို ကမ္ဘာ့ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အဖွဲ့အစည်းမှာ မှတ်ပုံတင်နေကြောင်းကို တွေ့မြင်ခဲ့ရပါတယ်။ မူလကတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် Huawei ထုတ်ကုန်တွေမှာ Android ကို အသုံးပြုခွင့်မရတော့ရင် ကိုယ်ပိုင် OS သုံးနိုင်ဖို့ လုံးပမ်းခဲ့တယ်လို့ ထင်ကြပေမယ့် အခုအချိန်မှာတော့ တရုတ်နည်းပညာကုမ္ပဏီဟာ သူတို့ရဲ့ အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်နေတဲ့ အခြေအနေအဖြစ် မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။
Huawei ရဲ့ ကိုယ်ပိုင် OS ဟာ စမတ်ဖုန်းအပြင်၊ Router, Network Switch, Tablet, ကွန်ပျူတာတွေနဲ့ ဒေတာစင်တာတွေမှာပါ သုံးနိုင်တဲ့အပြင် MacOS ထက်လည်း ပိုမြန်သလို၊ Android ထက် ၆၀% လည်းပိုမြန်တယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် နည်းပညာစိတ်ဝင်စားသူတိုင်းက စောင့်ကြည့်နေကြရတဲ့ OS တစ်ခုလည်း ဖြစ်ပါတယ်။
Samsung လည်း ကိုယ်ပိုင် OS ကို ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သလို Windows လည်း Mobile OS မှာ ကျရှုံးခဲ့ဖူးပါတယ်။ ဒါကြောင့် Huawei အနေနဲ့ရော Android နေရာမှာ အစားထိုးနိုင်မယ့် ကိုယ်ပိုင် OS ကိုအကောင်အထည်ဖော်ရာမှာ ဘယ်လောက်ထိ အောင်မြင်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Ref: GSM Arena