[Zawgyi]
တ႐ုတ္နည္းပညာ ကုမၸဏီႀကီးျဖစ္တဲ့ Huawei ဟာ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ရာဂဏန္းရွိလုပ္သားေတြနဲ႔ လက္တြဲျဖဳတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ The Wall Street Journal က ေရးသား ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္နဲ႔အေမရိကန္ ႏွစ္ႏိုင္ငံၾကားက ကုန္သြယ္ေရးစစ္ေၾကာင့္ ကုမၸဏီဟာ ၿပီးခဲ့တဲ့ လအေတာ္မ်ားမ်ားမွာ ႐ုန္းကန္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသက္ရွဴေခ်ာင္လာၿပီလို႔ ဆိုရမွာပါ။
The Wall Street Journal ရဲ႕ ေရးသားေဖာ္ျပမႈမွာေတာ့ Huawei ဟာ Futurewei Technologies အမည္ရွိတဲ့ သုေတသနလုပ္ငန္းခြဲမွာ လုပ္ကိုင္ေနၾကတဲ့ လုပ္သားေတြနဲ႔ လက္တြဲျဖဳတ္ဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ဒီလုပ္သားေတြဟာ သုေတသနဓါတ္ခြဲခန္း အေတာ္မ်ားမ်ားမွာ လုပ္ကိုင္လ်က္ရွိၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ တ႐ုတ္ဝန္ထမ္းေတြကိုေတာ့ ကုမၸဏီမွာပဲ ဆက္ၿပီရွိေနေစဖို႔ မိခင္ႏိုင္ငံကို ျပန္လည္ေျပာင္းေ႐ႊ႕ခြင့္ ျပဳထားတယ္လို႔လည္း သိရပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး ဝန္ထမ္းအခ်ိဳ႕ကေတာ့ အေစာပိုင္းကတည္းက မိမိသေဘာအေလ်ာက္ထြက္ခြာခြင့္ေပးထားၿပီး ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကုမၸဏီရဲ႕ တရားဝင္လမ္းခြဲမႈအစီအစဥ္ကလည္း သိပ္မၾကာခင္အခ်ိန္အေတာအတြင္း ျဖစ္ေပၚလာမယ္လို႔ သိရပါတယ္။ ဒီလိုကိစၥရပ္ေတြက ကုမၸဏီႀကီးအခ်ိဳ႕လည္း ျပဳလုပ္ခဲ့ၾကဖူးေပမယ့္ ကုန္သြယ္ေရးစစ္အျပင္ Huawei နဲ႔ အေမရိကန္ဆိုတဲ့ ေနာက္ခံအခ်က္အလက္ေတြေၾကာင့္ မီဒီယာေတြရဲ႕ ဦးစားေပးေဖာ္ျပျခင္းကို ခံခဲ့ရတာလည္း ျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ G20 Summit အတြင္း ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ ေတြ႕ဆုံမႈေနာက္မွာေတာ့ အေမရိကန္ရဲ႕ Huawei အေပၚပိတ္ပင္မႈဟာ အတိုင္းအတာတစ္ခုအထိ ေျပေလ်ာ့သြားတာကို ေတြ႕ရပါတယ္။ ဇူလိုင္လဆန္းတုန္းက ထုတ္ျပန္ခဲ့တဲ့ အိမ္ျဖဴေတာ္ရဲ႕ေၾကညာခ်က္မွာေတာ့ အေမရိကန္ကုမၸဏီေတြဟာ Huawei နဲ႔ လုပ္ငန္းလုပ္ကိုင္ခြင့္ကို ရရွိမွာျဖစ္ေပမယ့္ ေဈးကြက္အတြင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ရရွိေနတဲ့ နည္းပညာကိုပဲ ကုန္သြယ္ခြင့္ရရွိမွာျဖစ္တယ္လို႔ ထည့္သြင္းထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။
Ref: The Verge
[Unicode]
အမေရိကန်လုပ်သား ရာဂဏန်းနီးပါးနဲ့ လက်တွဲဖြုတ်မယ့် Huawei
တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ရာဂဏန်းရှိလုပ်သားတွေနဲ့ လက်တွဲဖြုတ်ဖို့ ပြင်ဆင်နေတယ်လို့ The Wall Street Journal က ရေးသား ဖော်ပြခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ကြောင့် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လအတော်များများမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အသက်ရှူချောင်လာပြီလို့ ဆိုရမှာပါ။
The Wall Street Journal ရဲ့ ရေးသားဖော်ပြမှုမှာတော့ Huawei ဟာ Futurewei Technologies အမည်ရှိတဲ့ သုတေသနလုပ်ငန်းခွဲမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားတွေနဲ့ လက်တွဲဖြုတ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီလုပ်သားတွေဟာ သုတေသနဓါတ်ခွဲခန်း အတော်များများမှာ လုပ်ကိုင်လျက်ရှိကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တရုတ်ဝန်ထမ်းတွေကိုတော့ ကုမ္ပဏီမှာပဲ ဆက်ပြီရှိနေစေဖို့ မိခင်နိုင်ငံကို ပြန်လည်ပြောင်းရွှေ့ခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းအချို့ကတော့ အစောပိုင်းကတည်းက မိမိသဘောအလျောက်ထွက်ခွာခွင့်ပေးထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီရဲ့ တရားဝင်လမ်းခွဲမှုအစီအစဉ်ကလည်း သိပ်မကြာခင်အချိန်အတောအတွင်း ဖြစ်ပေါ်လာမယ်လို့ သိရပါတယ်။ ဒီလိုကိစ္စရပ်တွေက ကုမ္ပဏီကြီးအချို့လည်း ပြုလုပ်ခဲ့ကြဖူးပေမယ့် ကုန်သွယ်ရေးစစ်အပြင် Huawei နဲ့ အမေရိကန်ဆိုတဲ့ နောက်ခံအချက်အလက်တွေကြောင့် မီဒီယာတွေရဲ့ ဦးစားပေးဖော်ပြခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပပြုလုပ်တဲ့ G20 Summit အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုနောက်မှာတော့ အမေရိကန်ရဲ့ Huawei အပေါ်ပိတ်ပင်မှုဟာ အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားတာကို တွေ့ရပါတယ်။ ဇူလိုင်လဆန်းတုန်းက ထုတ်ပြန်ခဲ့တဲ့ အိမ်ဖြူတော်ရဲ့ကြေညာချက်မှာတော့ အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရရှိမှာဖြစ်ပေမယ့် ဈေးကွက်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရရှိနေတဲ့ နည်းပညာကိုပဲ ကုန်သွယ်ခွင့်ရရှိမှာဖြစ်တယ်လို့ ထည့်သွင်းထားတာကိုလည်း တွေ့မြင်ရပါတယ်။
Ref: The Verge