Zawgyi

Realme ကေန ျပီးခဲ့တဲ့ရက္ပိုင္းတုန္းက ကမၻာ႔ပထမဆံုး 64MP Camera Sensor ပါဝင္လာမယ့္ စမတ္ဖုန္းကို လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ထုတ္ျပေတာ့မယ္လုိ႔ ေၾကညာလုိက္ပါတယ္။ ယခင္တုန္းက Samsung နဲ႔ Xiaomi တုိ႔က အေစာဆံုး 64MP Camera ဖုန္းကို အသီးသီးမိတ္ဆက္မယ္လုိ႔ ေျပာေနၾကေပမယ့္ တကယ္တမ္းမွာေတာ့ Realme က အႏုိင္ရသြားပံုပါပဲ။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ နာမည္ၾကီး Leaker တစ္ဦးျဖစ္တဲ့ Ice Universe ကေန Redmi ကလည္း 64MP Camera နဲ႔ စမတ္ဖုန္းကို ယခုလအတြင္းမိတ္ဆက္လာေတာ့မယ္ဆုိတာကို Twitter Account မွာ တင္ထားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီလမွာ Flagship ဖုန္းေတြျဖစ္တဲ့ Samsung Galaxy Note 10 Series လုိဖုန္းေတြအျပင္ Mid Range ေစ်းကြက္မွာလည္း 64MP Camera ဖုန္းေတြရဲ႕ ျပိဳင္ဆုိင္မႈက ျပင္းထန္လာႏုိင္ဖြယ္ရွိပါတယ္။

Realme ကေတာ့ သူ႕ရဲ႕ Teaser ဓါတ္ပံုမွာ 64MP Camera တင္မဟုတ္ဘဲ Quad Camera Setup ကို အသံုးျပဳထားမယ္လုိ႔ ေျပာထားပါတယ္။ Redmi ရဲ႕ အေစာပိုင္း 64MP Camera Teaser ပံုတစ္ခုအရလည္း Quad Camera ျဖစ္လာႏုိင္ေျခရွိေနပါတယ္။

Ice Universe ကေတာ့ Redmi က မိတ္ဆက္လာမယ့္ေန႔ကို အတိအက်ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ မၾကာခင္မွာ Redmi ကိုယ္တုိင္ကေန တရားဝင္ Announcement ထုတ္ျပလာႏုိင္ပါတယ္။ ဒီ 64MP Camera Sensor ပိုင္ရွင္ Samsung ကေတာ့ 64MP Camera နဲ႔ Galaxy A Series ဖုန္းကို လာမယ့္ စက္တင္ဘာနဲ႔ ေအာက္တုိဘာလဝန္းက်င္မွာပဲ မိတ္ဆက္လာမယ္္လုိ႔လည္း သိရပါတယ္။

48MP Camera ကေန စတင္ခဲ့တဲ့ စမတ္ဖုန္းေတြရဲ႕ Megapixels နဲ႔ Camera အေရအတြက္ျပိဳင္ပြဲက ဒီႏွစ္မွာေတာ့ အမ်ားၾကီးပိုျပင္းထန္လာတယ္ဆုိတာကေတာ့ ျငင္းလုိ႔မရပါဘူး။

Ref – Gizmo China

Unicode

Realme ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကမ္ဘာ့ပထမဆုံး 64MP Camera Sensor ပါဝင်လာမယ့် စမတ်ဖုန်းတစ်ခုကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ယခင်တုန်းက Samsung နဲ့ Xiaomi တို့က အစောဆုံး 64MP Camera ဖုန်းကို အသီးသီးမိတ်ဆက်မယ်လို့ ပြောနေကြပေမယ့် တကယ်တမ်းမှာတော့ Realme က အနိုင်ရသွားပုံပါပဲ။

ဒါပေမယ့် အခုအချိန်မှာတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Redmi ကလည်း 64MP Camera နဲ့ စမတ်ဖုန်းကို ယခုလအတွင်းမိတ်ဆက်လာတော့မယ်ဆိုတာကို Twitter Account မှာ တင်ထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီလမှာ Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Note 10 Series လိုဖုန်းတွေအပြင် Mid Range ဈေးကွက်မှာလည်း 64MP Camera ဖုန်းတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လာနိုင်ဖွယ်ရှိပါတယ်။

Realme ကတော့ သူ့ရဲ့ Teaser ဓါတ်ပုံမှာ 64MP Camera တင်မဟုတ်ဘဲ Quad Camera Setup ကို အသုံးပြုထားမယ်လို့ ပြောထားပြီးတော့ Redmi ရဲ့ အစောပိုင်း 64MP Camera Teaser ပုံတစ်ခုအရလည်း Quad Camera ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Ice Universe ကတော့ Redmi က မိတ်ဆက်လာမယ့်နေ့ကို အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် မကြာခင်မှာ Redmi ကိုယ်တိုင်ကနေ တရားဝင် Announcement ထုတ်ပြလာနိုင်ပါတယ်။ ဒီ 64MP Camera Sensor ပိုင်ရှင် Samsung ကတော့ ဒီ 64MP Camera နဲ့ Galaxy A Series ဖုန်းကို လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလဝန်းကျင်မှာပဲ မိတ်ဆက်လာမယ်လို့လည်း သိရပါတယ်။

48MP Camera ကနေ စတင်ခဲ့တဲ့ ဒီ စမတ်ဖုန်းတွေရဲ့ Megapixels နဲ့ Camera အရေအတွက်ပြိုင်ပွဲက ဒီနှစ်မှာတော့ အများကြီးပိုပြင်းထန်လာတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

Ref – Gizmo China