[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာ Mytel သည္ စက္တင္ဘာလ ၀၈၊ ၂၀၁၉ တြင္ ျမန္မာပလာဇာရွိ Mytel ၏ ပထမဦးဆုံး Customer Experience Center ဖြင့္လွစ္ပြဲအား က်င္းပခဲ့သည္။ ထို Customer Experience Center သည္ ျမန္မာပလာဇာ၏ ဒုတိယထပ္၌ တည္ရွိၿပီး သုံးစြဲသူမ်ားအတြက္ စိတ္တိုင္းက် ဝန္ေဆာင္မႈမ်ားရရွိရန္ႏွင့္ စိတ္အပန္းေျဖရန္အတြက္ VR Experience Zone ၊ သတင္းအခ်က္အလက္ စုံစမ္းေမးျမန္းရာ ေနရာ ၊ ဒစ္ဂ်စ္တယ္ဆိုင္ရာ ေနရာ၊ အေရာင္း ေကာင္တာ အစရွိသည့္ သုံးစြဲသူမ်ား အဆင္ေျပေစမည့္ ေနရာမ်ားစြာ ပါဝင္သည္။

“ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ Mytel က ကိုယ့္သုံးစြဲသူေတြကို အၿမဲအဓိကထား တန္ဖိုးထားၿပီး အေကာင္းဆုံး customer service ကို ေပးအပ္ဖို႔ အစဥ္ႀကိဳးစားလ်က္ရွိပါတယ္။ ဒီထူးျခားတဲ့ Customer Experience Center ကေနတဆင့္ သုံးစြဲသူေတြအားလုံးအတြက္ ဝန္ေဆာင္မႈေပးတာေရာ စိတ္အပန္းေျဖဖို႔အတြက္ေရာ စိတ္တိုင္းက်ျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီ Customer Experience Center ကို အေကာင္းမြန္ဆုံးနဲ႔ အဆင္ေျပဆုံး အေတြ႕အႀကဳံေတြကိုသာ ေပးႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ေဆာင္႐ြက္ထားပါတယ္။” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦး မွ ေျပာၾကားခဲ့သည္။

Mytel ၏ Customer Experience Center ဖြင့္ပြဲသို႔ ႂကြေရာက္လာၾကသူမ်ား အားလုံးအေနျဖင့္ ေပ်ာ္႐ႊင္ဖြယ္ ဂိမ္းအစီအစဥ္မ်ားတြင္ ပါဝင္ဆင္ႏႊဲခဲ့ၾကၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကိုလည္း ၾကည့္ရႈခံစားခဲ့ၾကကာ စင္တာအတြင္း၌လည္း လွည့္လည္ၾကည့္ရႈခဲ့ၾကပါသည္။ ယခုအသစ္ဖြင့္လွစ္လိုက္ေသာ Mytel Customer Experience Center သည္ အျခား Mytel showroom မ်ားထက္ ဝန္ေဆာင္မႈမ်ားစြာ ပိုမိုပါဝင္ ပါသည္။ Mytel သုံးစြဲသူမ်ားအေနျဖင့္ Mytel Customer Experience Center သို႔သြားေရာက္ရသည္မွာ အျခား Mytel showroom မ်ားသို႔ သြားေရာက္ရသည္ႏွင့္ မတူဘဲ ထူးျခားေသာခံစားမႈမ်ားကို ခံစားရရွိႏိုင္မည္လည္းျဖစ္ပါသည္။

Customer Experience Center (CEC) သို႔ဝင္ေရာက္ရာတြင္ “Do Services” သို႔မဟုတ္ “Experience Only” ဟူေသာ ေ႐ြးခ်ယ္မႈ ႏွစ္မ်ိဳးကို ျပဳလုပ္ႏိုင္မည္ျဖစ္သည္။ “Do Services” ဟူေသာေ႐ြးခ်ယ္မႈကို ျပဳလုပ္ခဲ့မည္ဆိုပါက SIM Card မ်ား ၊ Top-up Card မ်ား ၊ Handset မ်ား ဝယ္ယူႏိုင္ေသာေနရာသို႔ ေရာက္ရွိမည္ျဖစ္ၿပီး ထိုေနရာတြင္ SIM Card ေျပာင္းလဲျခင္း၊ Package ဝယ္ယူျခင္း ႏွင့္ အျခားဝန္ေဆာင္မႈမ်ားႏွင့္ ပတ္သက္ေသာ ျပႆနာမ်ားကို လည္း ေျဖရွင္းေပးႏိုင္မည္ျဖစ္သည္။ “Experience Only” ဟူေသာေ႐ြးခ်ယ္မႈကို ျပဳလုပ္ခဲ့မည္ဆိုပါက Customer Experience Center အတြင္းရွိ ဝန္ေဆာင္မႈမ်ားကို ေတြ႕ႀကဳံခံစားႏိုင္မည္ျဖစ္သည္။ ထိုအျပင္ Mytel service zone ႏွင့္ Mytel product zone မ်ားတြင္ စမတ္ဖုန္းဟန္းဆက္မ်ား ႏွင့္ ဖုန္းႏွင့္စပ္ဆက္ပစၥည္းမ်ားကို ၾကည့္ရႈႏိုင္မည္ျဖစ္ၿပီး Mytel Entertainment Zone တြင္ VR ဟုေခၚေသာ Virtual Reality အား စမ္းသပ္အသုံးျပဳႏိုင္မည္ျဖစ္သည္။ CEC ၏ အထူးျခားဆုံးအခ်က္မွာ လာေရာက္လည္ပတ္သူမ်ားမွ 5G ကြန္ရက္အား စမ္းသပ္အသုံးျပဳႏိုင္ျခင္းပင္ျဖစ္သည္။

မၾကာေသးမီကပင္ Mytel မွ 5G ကို ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာေပးႏိုင္ခဲ့ေသာ ပထမဆုံးဆက္သြယ္ေရး ေအာ္ပေရတာတစ္ခု ျဖစ္လာခဲ့ပါသည္။ ယခုကဲ့သို႔ နည္းပညာသစ္ႀကီးအား Mytel မွ ျမန္မာႏိုင္ငံ သို႔ ယူေဆာင္လာေပးႏိုင္ခဲ့သလို ေနာင္အနာဂတ္မ်ားတြင္လည္း Mytel မွ ဆန္းသစ္ေသာ နည္းပညာမ်ား ႏွင့္ ထူးျခားေကာင္းမြန္ေသာ တိုးတက္မႈမ်ားကို ေဆာင္က်ဥ္းေပးႏိုင္ရန္ အစဥ္ ႀကိဳးစားလ်က္ရွိၿပီး ေခတ္မီအဆန္းသစ္ဆုံး တီထြင္မႈမ်ားကို သက္သာေသာႏႈန္းထားမ်ားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ပါသည္။ ဆက္လက္၍လည္း Mytel မွ ဒီဂ်စ္တယ္ေျပာင္းလဲမႈမ်ားကို ျမန္မာႏိုင္ငံသို႔ ဆက္လက္ယူေဆာင္လာေပးမည္ျဖစ္ၿပီး သုံးစြဲသူမ်ားထံသို႔ အႀကီးမားဆုံး ႏွင့္ ေခတ္ေရွ႕ေျပးေသာ ဆက္သြယ္ေရးနည္းပညာ အေဆာက္အအုံမ်ား ၊ ဝန္ေဆာင္မႈမ်ား ႏွင့္လည္း ေထာက္ပံ့ေပးသြားမည္ျဖစ္သည္။

[Unicode]

သုံးစွဲသူများအတွက် အကျိုးရှိသော ဝန်ဆောင်မှုများနှင့် ဖျော်ဖြေမှုများ ပါဝင်သည့် Mytel ၏ ပထမဆုံးသော Customer Experience Center

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် စက်တင်ဘာလ ၀၈၊ ၂၀၁၉ တွင် မြန်မာပလာဇာရှိ Mytel ၏ ပထမဦးဆုံး Customer Experience Center ဖွင့်လှစ်ပွဲအား ကျင်းပခဲ့သည်။ ထို Customer Experience Center သည် မြန်မာပလာဇာ၏ ဒုတိယထပ်၌ တည်ရှိပြီး သုံးစွဲသူများအတွက် စိတ်တိုင်းကျ ဝန်ဆောင်မှုများရရှိရန်နှင့် စိတ်အပန်းဖြေရန်အတွက် VR Experience Zone ၊ သတင်းအချက်အလက် စုံစမ်းမေးမြန်းရာ နေရာ ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ နေရာ၊ အရောင်း ကောင်တာ အစရှိသည့် သုံးစွဲသူများ အဆင်ပြေစေမည့် နေရာများစွာ ပါဝင်သည်။

“ဂရုအစိုက်ဆုံး အော်ပရေတာ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Mytel က ကိုယ့်သုံးစွဲသူတွေကို အမြဲအဓိကထား တန်ဖိုးထားပြီး အကောင်းဆုံး customer service ကို ပေးအပ်ဖို့ အစဉ်ကြိုးစားလျက်ရှိပါတယ်။ ဒီထူးခြားတဲ့ Customer Experience Center ကနေတဆင့် သုံးစွဲသူတွေအားလုံးအတွက် ဝန်ဆောင်မှုပေးတာရော စိတ်အပန်းဖြေဖို့အတွက်ရော စိတ်တိုင်းကျဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒီ Customer Experience Center ကို အကောင်းမွန်ဆုံးနဲ့ အဆင်ပြေဆုံး အတွေ့အကြုံတွေကိုသာ ပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားခဲ့သည်။

Mytel ၏ Customer Experience Center ဖွင့်ပွဲသို့ ကြွရောက်လာကြသူများ အားလုံးအနေဖြင့် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ကြည့်ရှုခံစားခဲ့ကြကာ စင်တာအတွင်း၌လည်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ယခုအသစ်ဖွင့်လှစ်လိုက်သော Mytel Customer Experience Center သည် အခြား Mytel showroom များထက် ဝန်ဆောင်မှုများစွာ ပိုမိုပါဝင် ပါသည်။ Mytel သုံးစွဲသူများအနေဖြင့် Mytel Customer Experience Center သို့သွားရောက်ရသည်မှာ အခြား Mytel showroom များသို့ သွားရောက်ရသည်နှင့် မတူဘဲ ထူးခြားသောခံစားမှုများကို ခံစားရရှိနိုင်မည်လည်းဖြစ်ပါသည်။

Customer Experience Center (CEC) သို့ဝင်ရောက်ရာတွင် “Do Services” သို့မဟုတ် “Experience Only” ဟူသော ရွေးချယ်မှု နှစ်မျိုးကို ပြုလုပ်နိုင်မည်ဖြစ်သည်။ “Do Services” ဟူသောရွေးချယ်မှုကို ပြုလုပ်ခဲ့မည်ဆိုပါက SIM Card များ ၊ Top-up Card များ ၊ Handset များ ဝယ်ယူနိုင်သောနေရာသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုနေရာတွင် SIM Card ပြောင်းလဲခြင်း၊ Package ဝယ်ယူခြင်း နှင့် အခြားဝန်ဆောင်မှုများနှင့် ပတ်သက်သော ပြဿနာများကို လည်း ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ “Experience Only” ဟူသောရွေးချယ်မှုကို ပြုလုပ်ခဲ့မည်ဆိုပါက Customer Experience Center အတွင်းရှိ ဝန်ဆောင်မှုများကို တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ထိုအပြင် Mytel service zone နှင့် Mytel product zone များတွင် စမတ်ဖုန်းဟန်းဆက်များ နှင့် ဖုန်းနှင့်စပ်ဆက်ပစ္စည်းများကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး Mytel Entertainment Zone တွင် VR ဟုခေါ်သော Virtual Reality အား စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်သည်။ CEC ၏ အထူးခြားဆုံးအချက်မှာ လာရောက်လည်ပတ်သူများမှ 5G ကွန်ရက်အား စမ်းသပ်အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။

မကြာသေးမီကပင် Mytel မှ 5G ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးနိုင်ခဲ့သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း Mytel မှ ဒီဂျစ်တယ်ပြောင်းလဲမှုများကို မြန်မာနိုင်ငံသို့ ဆက်လက်ယူဆောင်လာပေးမည်ဖြစ်ပြီး သုံးစွဲသူများထံသို့ အကြီးမားဆုံး နှင့် ခေတ်ရှေ့ပြေးသော ဆက်သွယ်ရေးနည်းပညာ အဆောက်အအုံများ ၊ ဝန်ဆောင်မှုများ နှင့်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။