[Zawgyi]

Google ရဲ႕ Web browser ျဖစ္တဲ့ Chrome ဟာ Android ေတြအတြက္ ေနာက္ဆုံးဗားရွင္း ထြက္လာခဲ့ၿပီလို႔ သိရပါတယ္။ Chrome ရဲ႕ ၿပီးခဲ့တဲ့ ေနာက္ဆုံးဗားရွင္းေတြက အျခားပလက္ေဖာင္းေတြျဖစ္တဲ့ Windows, Linux, macOS နဲ႔ iOS တို႔အတြက္ ျဖစ္ခဲ့ၾကၿပီး အခုတစ္ေခါက္မွ Android အတြက္ ျဖစ္ပါတယ္။

Chrome 78 ဟာ Android device ေတြအတြက္ ေနာက္ဆုံးဗားရွင္းျဖစ္ၿပီး Bug fix ေတြနဲ႔အတူ အဆင့္ျမႇင့္တင္မႈ အနည္းငယ္လည္း ပါဝင္လာခဲ့ပါတယ္။ ဒါေတြထဲကမွာ အႀကီးမားဆုံးအေျပာင္းအလဲကိုေျပာပါဆိုရင္ေတာ့ Dark Mode လုပ္ေဆာင္ခ်က္လို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။

Chrome 78 မွာ Dark Mode သုံးခ်င္ရင္ Menu icon ကိုႏွိပ္ၿပီး Settings ထဲက Themes မွာ ေ႐ြးခ်ယ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီထဲမွာေတာ့ System default, Light နဲ႔ Dark ဆိုၿပီး သုံးမ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ Android 10 ျဖစ္ၿပီး System-wide dark mode ဆိုရင္ေတာ့ System default လုပ္ထားရင္ Battery-saver mode ျဖစ္သြားတဲ့အခါ အလိုအေလ်ာက္ Dark Mode ေျပာင္းေပးသြားမွာ ျဖစ္ပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာေတာ့ Chrome ဟာ Light mode ပဲ ျဖစ္ေနပါလိမ့္မယ္။

Chrome 78 ကို Google Play Store မွာလည္း ရယူႏိုင္မွာျဖစ္သလို ထည့္သြင္းၿပီးသားဆိုရင္လည္း Software Update လုပ္လိုက္တာနဲ႔ ရရွိသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Google ဟာ Chrome 78 ကို အကန႔္အသတ္နဲ႔သာ ထုတ္လႊတ္ၿပီး စမ္းသပ္ေနတုန္းျဖစ္တာေၾကာင့္ တစ္ကမာၻလုံးက User ေတြအသုံးျပဳႏိုင္ဖို႔ ရက္အနည္းငယ္၊ ဒါမွမဟုတ္ ရက္သတၱပတ္အနည္းငယ္ေလာက္ ေစာင့္ဆိုင္းရဖြယ္ ရွိေနပါတယ္။

Ref: Android Authority

[Unicode]

Android အတွက် Dark Mode ပါဝင်တဲ့ Chrome 78 ကို စမ်းသပ်ထုတ်လွှတ်နေပြီ

Google ရဲ့ Web browser ဖြစ်တဲ့ Chrome ဟာ Android တွေအတွက် နောက်ဆုံးဗားရှင်း ထွက်လာခဲ့ပြီလို့ သိရပါတယ်။ Chrome ရဲ့ ပြီးခဲ့တဲ့ နောက်ဆုံးဗားရှင်းတွေက အခြားပလက်ဖောင်းတွေဖြစ်တဲ့ Windows, Linux, macOS နဲ့ iOS တို့အတွက် ဖြစ်ခဲ့ကြပြီး အခုတစ်ခေါက်မှ Android အတွက် ဖြစ်ပါတယ်။

Chrome 78 ဟာ Android device တွေအတွက် နောက်ဆုံးဗားရှင်းဖြစ်ပြီး Bug fix တွေနဲ့အတူ အဆင့်မြှင့်တင်မှု အနည်းငယ်လည်း ပါဝင်လာခဲ့ပါတယ်။ ဒါတွေထဲကမှာ အကြီးမားဆုံးအပြောင်းအလဲကိုပြောပါဆိုရင်တော့ Dark Mode လုပ်ဆောင်ချက်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

Chrome 78 မှာ Dark Mode သုံးချင်ရင် Menu icon ကိုနှိပ်ပြီး Settings ထဲက Themes မှာ ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာတော့ System default, Light နဲ့ Dark ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 10 ဖြစ်ပြီး System-wide dark mode ဆိုရင်တော့ System default လုပ်ထားရင် Battery-saver mode ဖြစ်သွားတဲ့အခါ အလိုအလျောက် Dark Mode ပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ Chrome ဟာ Light mode ပဲ ဖြစ်နေပါလိမ့်မယ်။

Chrome 78 ကို Google Play Store မှာလည်း ရယူနိုင်မှာဖြစ်သလို ထည့်သွင်းပြီးသားဆိုရင်လည်း Software Update လုပ်လိုက်တာနဲ့ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Google ဟာ Chrome 78 ကို အကန့်အသတ်နဲ့သာ ထုတ်လွှတ်ပြီး စမ်းသပ်နေတုန်းဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက User တွေအသုံးပြုနိုင်ဖို့ ရက်အနည်းငယ်၊ ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်လောက် စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

Ref: Android Authority