Zawgyi

အခုလအေစာပိုင္းမွာ Motorola One Hyper ဆုိတဲ့အမည္ကို စတင္သိရွိခဲ့ရၿပီး ဒီဖုန္းဟာ Motorola အတြက္ ပထမဆုံး Notchless Display နဲ႔ Pop-up Selfie တုိ႔ကို အသုံးျပဳလာမယ့္ စမတ္ဖုန္းျဖစ္ပါတယ္။ ယေန႔မွာေတာ့ ေမာ္ဒယ္နံပါတ္ XT2027-1 နဲ႔စမတ္ဖုန္းကို အေမရိကန္ FCC အတည္ျပဳခ်က္ရရွိခဲ့ၿပီး သူ႕ရဲ႕ အဓိက Specs ေတြကိုပါ ေဖာ္ျပလာခဲ့ပါတယ္။

FCC ရဲ႕ေဖာ္ျပခ်က္အရေတာ့ Moto One Hyper မွာ 4,000 mAh ဘကၳရီႀကီး ပါဝင္မွာျဖစ္ၿပီး ဖုန္းရဲ႕အလ်ားအနံက 160 x 71mm ျဖစ္ပါတယ္။ အေစာက ေျပာခဲ့သလုိပဲ သူ႕မွာ Notch မပါတဲ့ Display နဲ႔ Selfie အတြက္ Pop-up ကင္မရာတုိ႔ ထည့္သြင္းလာတယ္။

ဒီဖုန္းမွာ 6.39” လက္မ IPS LCD Display ပါဝင္လာမွာျဖစ္ၿပီး Full HD+ Resolution ရရွိႏုိင္မွာပါ။ Fingerprint ကိုေတာ့ ဖုန္းရဲ႕ေနာက္ဘက္မွာ Motorola ရဲ႕အမွတ္တံဆိပ္ LED Ring ေလးထဲမွာ ထည့္သြင္းလာၿပီး အားျဖည့္ေနရင္ပဲျဖစ္ျဖစ္၊ Noti ဝင္ေနရင္ပဲျဖစ္ျဖစ္ လင္းလာမွာပါ။

အတြင္းမွာေတာ့ Snapdragon 675 ခ်စ္ပ္ဆက္ကို 4GB RAM / 128GB Storage မန္မုိရီနဲ႔ တြဲဖက္ထားတယ္။ Selfie ကင္မရာက 32MP ျဖစ္ၿပီး ေနာက္ဘက္မွာ Dual-camera အသုံးျပဳလာပါတယ္။ အဓိက Sensor က 64MP ျဖစ္ၿပီး 8MP Depth Sensor နဲ႔တြဲဖက္လာမွာပါ။

Moto One Hyper စမတ္ဖုန္းဟာ ေနာက္ဆုံးေပၚ Android 10 OS အသုံးျပဳမယ့္ Android One စမတ္ဖုန္းတစ္လုံး ျဖစ္ပါတယ္။ Motorola ဟာ အခုခ်ိန္ထိ One Hyper ကို တရားဝင္မေၾကညာရေသးပါဘူး။ ဒါေပမယ့္ ႏုိဝင္ဘာ ၁၃ ရက္ေန႔မွာ RAZR Foldable စမတ္ဖုန္းကို မိတ္ဆက္လာမွာျဖစ္ၿပီး အဆုိပါေန႔မွာ One Hyper ကုိပါ ပြဲထုတ္လာမလားလုိ႔ ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

အခုလအစောပိုင်းမှာ Motorola One Hyper ဆိုတဲ့အမည်ကို စတင်သိရှိခဲ့ရပြီး ဒီဖုန်းဟာ Motorola အတွက် ပထမဆုံး Notchless Display နဲ့ Pop-up Selfie တို့ကို အသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်ပါတယ်။ ယနေ့မှာတော့ မော်ဒယ်နံပါတ် XT2027-1 နဲ့စမတ်ဖုန်းကို အမေရိကန် FCC အတည်ပြုချက်ရရှိခဲ့ပြီး သူ့ရဲ့ အဓိက Specs တွေကိုပါ ဖော်ပြလာခဲ့ပါတယ်။

FCC ရဲ့ဖော်ပြချက်အရတော့ Moto One Hyper မှာ 4,000 mAh ဘက္ထရီကြီး ပါဝင်မှာဖြစ်ပြီး ဖုန်းရဲ့အလျားအနံက 160 x 71mm ဖြစ်ပါတယ်။ အစောက ပြောခဲ့သလိုပဲ သူ့မှာ Notch မပါတဲ့ Display နဲ့ Selfie အတွက် Pop-up ကင်မရာတို့ ထည့်သွင်းလာတယ်။

ဒီဖုန်းမှာ 6.39” လက်မ IPS LCD Display ပါဝင်လာမှာဖြစ်ပြီး Full HD+ Resolution ရရှိနိုင်မှာပါ။ Fingerprint ကိုတော့ ဖုန်းရဲ့နောက်ဘက်မှာ Motorola ရဲ့အမှတ်တံဆိပ် LED Ring လေးထဲမှာ ထည့်သွင်းလာပြီး အားဖြည့်နေရင်ပဲဖြစ်ဖြစ်၊ Noti ဝင်နေရင်ပဲဖြစ်ဖြစ် လင်းလာမှာပါ။

အတွင်းမှာတော့ Snapdragon 675 ချစ်ပ်ဆက်ကို 4GB RAM / 128GB Storage မန်မိုရီနဲ့ တွဲဖက်ထားတယ်။ Selfie ကင်မရာက 32MP ဖြစ်ပြီး နောက်ဘက်မှာ Dual-camera အသုံးပြုလာပါတယ်။ အဓိက Sensor က 64MP ဖြစ်ပြီး 8MP Depth Sensor နဲ့တွဲဖက်လာမှာပါ။

Moto One Hyper စမတ်ဖုန်းဟာ နောက်ဆုံးပေါ် Android 10 OS အသုံးပြုမယ့် Android One စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Motorola ဟာ အခုချိန်ထိ One Hyper ကို တရားဝင်မကြေညာရသေးပါဘူး။ ဒါပေမယ့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ RAZR Foldable စမတ်ဖုန်းကို မိတ်ဆက်လာမှာဖြစ်ပြီး အဆိုပါနေ့မှာ One Hyper ကိုပါ ပွဲထုတ်လာမလားလို့ စောင့်ကြည့်ရမှာပါ။

Ref – GSM Arena