[Zawgyi]

ဂ်ပန္က Masako Wakamiya ဟာ အသက္ ၅၈ ႏွစ္က်မွ သူမရဲ႕ ပထမဆံုး ကြန္ျပဴတာကို ကိုင္ႏုိင္ခဲ့တာပါ။ ေနာင္တစ္ခ်ိန္မွာ iPhone App ေတြ ဖန္တီးမယ့္ ကမာၻ႕ အသက္အႀကီးဆံုး App Developer ျဖစ္လာမယ့္ ခရီးအစမွန္း သူမ မသိခဲ့ပါဘူး။ အခုေတာ့ သူမဟာ အသက္ ၈၄ ႏွစ္အရြယ္ ရွိလာၿပီ ျဖစ္ၿပီး ကြန္ျပဴတာ နည္းပညာမွာ ဆရာတစ္ဆူ ျဖစ္လာပါၿပီ။ သူမလို သက္ႀကီးရြယ္အိုေတြကို ဒစ္ဂ်စ္တယ္ နည္းပညာေတြ ေလ့လာလိုက္စားၿပီး ဘ၀ ရပ္တည္ႏိုင္ေအာင္ ကူညီေပးေနပါတယ္။

သူမရဲ႕ အသိပညာ ဗဟုသုတေတြကို မွ်ေ၀ေပးဖို႔ စာအုပ္ေတြလည္း ေရးသားေနပါတယ္။ သူမက “ အရင္တုန္းက အိမ္အနည္းငယ္မွာပဲ ကြန္ျပဴတာ ရွိခဲ့တာပါ။ အဲဒီ ကြန္ျပဴတာက ကြ်န္မကို ေတာ္ေတာ္ စြဲေဆာင္ခဲ့ပါတယ္။ ဒါကို သံုးတတ္ဖို႔ ကိုယ့္ကိုကိုယ္ သင္ယူခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက အေမက က်န္းမာေရး မေကာင္းလို႔ ကြ်န္မက အိမ္မွာ အခ်ိန္ျပည့္ ေနရင္း ေစာင့္ေရွာက္ခဲ့ရတာပါ။ အိမ္မွာ ေနရင္း ကြန္ျပဴတာ ပညာရပ္ကို ေလ့လာခဲ့ပါတယ္။ ဘယ္အရြယ္ ျဖစ္ျဖစ္ ပညာဆိုတာ အၿမဲသင္ၾကားလို႔ ရပါတယ္။ “ လို႔ Nikkei ကို ေျပာပါတယ္။

iPhone App ေတြ ဖန္တီးေနတဲ့ Wakamiya ရဲ႕ အေၾကာင္းကို Tim Cook သိသြားခဲ့ၿပီး အေမရိကန္ကို ေခၚယူေတြ႕ဆံုခဲ့ပါတယ္။ သူမကို Apple  ႏွစ္စဥ္ က်င္းပေနတဲ့ Worldwide Developers Conference ကို ဖိတ္ေခၚခဲ့ပါတယ္။ သူမဟာ ပြဲမတိုင္ခင္ ၁ ရက္ အလိုမွာ ကယ္လီဖိုးနီးယားရွိ ဆန္ဂ်ိဳ႕စ္မွာ Tim Cook နဲ႔ ရင္းႏွီးခ်စ္ၾကည္စြာ ေတြ႕ဆံုခဲ့ၿပီး စကားေတြ ေဖာင္ဖြဲ႕ေျပာခဲ့ပါေသးတယ္။

Conference မွာ Tim Cook က သူမကို ကမာၻ႕ အသက္အႀကီးဆံုး ပရိုဂရမ္မာ အျဖစ္ မိတ္ဆက္ေပးခဲ့တာကေတာ့ ဘ၀မွာ ဂုဏ္အယူရဆံုး ျဖစ္ရပ္ ျဖစ္သြားခဲ့ပါတယ္။ သူမက အခုဆိုရင္ အသက္ ၈၄ ႏွစ္ျပည့္ၿပီ ျဖစ္ၿပီး အရင္ကထက္ ပိုၿပီး ပညာတတ္ေနၿပီလို႔ ေျပာပါတယ္။

Ref : asia.nikkei

[Unicode]

ဂျပန်က အသက် ၈၄ နှစ်အရွယ် App Developer ဖွားဖွား

ဂျပန်က Masako Wakamiya ဟာ အသက် ၅၈ နှစ်ကျမှ သူမရဲ့ ပထမဆုံး ကွန်ပြူတာကို ကိုင်နိုင်ခဲ့တာပါ။ နောင်တစ်ချိန်မှာ iPhone App တွေ ဖန်တီးမယ့် ကမ္ဘာ့ အသက်အကြီးဆုံး App Developer ဖြစ်လာမယ့် ခရီးအစမှန်း သူမ မသိခဲ့ပါဘူး။ အခုတော့ သူမဟာ အသက် ၈၄ နှစ်အရွယ် ရှိလာပြီ ဖြစ်ပြီး ကွန်ပြူတာ နည်းပညာမှာ ဆရာတစ်ဆူ ဖြစ်လာပါပြီ။ သူမလို သက်ကြီးရွယ်အိုတွေကို ဒစ်ဂျစ်တယ် နည်းပညာတွေ လေ့လာလိုက်စားပြီး ဘ၀ ရပ်တည်နိုင်အောင် ကူညီပေးနေပါတယ်။

သူမရဲ့ အသိပညာ ဗဟုသုတတွေကို မျှဝေပေးဖို့ စာအုပ်တွေလည်း ရေးသားနေပါတယ်။ သူမက “ အရင်တုန်းက အိမ်အနည်းငယ်မှာပဲ ကွန်ပြူတာ ရှိခဲ့တာပါ။ အဲဒီ ကွန်ပြူတာက ကျွန်မကို တော်တော် စွဲဆောင်ခဲ့ပါတယ်။ ဒါကို သုံးတတ်ဖို့ ကိုယ့်ကိုကိုယ် သင်ယူခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေက ကျန်းမာရေး မကောင်းလို့ ကျွန်မက အိမ်မှာ အချိန်ပြည့် နေရင်း စောင့်ရှောက်ခဲ့ရတာပါ။ အိမ်မှာ နေရင်း ကွန်ပြူတာ ပညာရပ်ကို လေ့လာခဲ့ပါတယ်။ ဘယ်အရွယ် ဖြစ်ဖြစ် ပညာဆိုတာ အမြဲသင်ကြားလို့ ရပါတယ်။ “ လို့ Nikkei ကို ပြောပါတယ်။

iPhone App တွေ ဖန်တီးနေတဲ့ Wakamiya ရဲ့ အကြောင်းကို Tim Cook သိသွားခဲ့ပြီး အမေရိကန်ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ သူမကို Apple နှစ်စဉ် ကျင်းပနေတဲ့ Worldwide Developers Conference ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူမဟာ ပွဲမတိုင်ခင် ၁ ရက် အလိုမှာ ကယ်လီဖိုးနီးယားရှိ ဆန်ဂျို့စ်မှာ Tim Cook နဲ့ ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံခဲ့ပြီး စကားတွေ ဖောင်ဖွဲ့ပြောခဲ့ပါသေးတယ်။

Conference မှာ Tim Cook က သူမကို ကမ္ဘာ့ အသက်အကြီးဆုံး ပရိုဂရမ်မာ အဖြစ် မိတ်ဆက်ပေးခဲ့တာကတော့ ဘဝမှာ ဂုဏ်အယူရဆုံး ဖြစ်ရပ် ဖြစ်သွားခဲ့ပါတယ်။ သူမက အခုဆိုရင် အသက် ၈၄ နှစ်ပြည့်ပြီ ဖြစ်ပြီး အရင်ကထက် ပိုပြီး ပညာတတ်နေပြီလို့ ပြောပါတယ်။

Ref : asia.nikkei