Zawgyi

Vivo ကေန လက္ရွိအခ်ိန္အထိ သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ Google ရဲ႕ Android OS ကို အေျခခံထားၿပီး ကိုယ္ပိုင္ UI တစ္ခုျဖစ္တဲ့ Funtouch OS ကိုပဲ အသုံးျပဳေနတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ Funtouch OS ဟာ Version 9.2 ကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ မၾကာခင္မွာ Funtouch OS အစား OS အသစ္တစ္ခုနဲ႔ အစားထိုးလာဖို႔ မ်ားေနပါတယ္။

အခုသတင္းကို Funtouch OS ရဲ႕ Product Manager ကေန Jovi OS ဆိုၿပီး နာမည္အသစ္နဲ႔ OS အသစ္ရဲ႕ Design ဓါတ္ပုံကို Weibo စာမ်က္ႏွာမွာ တင္ထားခဲ့တာျဖစ္ၿပီးေတာ့ “Thank you for having us, we will definitely explore forward!” ဆိုတဲ့ အဓိပၸါယ္နဲ႔ စာသားကိုေရးသားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာက လက္ရွိ Funtouch OS ဟာ ေနာက္ပိုင္းမွာ သို႔မဟုတ္ ေနာက္ပိုင္းမိတ္ဆက္လာမယ့္ Vivo စမတ္ဖုန္းေတြဟာ Jovi OS နဲ႔ ျဖစ္လာႏိုင္ေျခမ်ားေနပါတယ္။

ေလာေလာဆယ္မွာေတာ့ Vivo ကေန ယခု Jovi နာမည္ကို Vivo စမတ္ဖုန္းေတြမွာ Samsung ရဲ႕ Bixby ပုံစံအေနနဲ႔ AI Assistant အျဖစ္သတ္မွတ္ထားၿပီး Funtouch OS ကေန Jovi OS ကို ေျပာင္းလဲမယ္ဆိုရင္လည္း AI ပိုင္းဆိုင္ရာ Feature အသစ္ေတြပါဝင္လာဖြယ္ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Jovi OS နဲ႔ ပတ္သတ္ၿပီး သတင္းအတိအက်မသိရွိရေသးေပမယ့္ လာမယ့္ ဒီဇင္ဘာလအတြင္းမွာ မိတ္ဆက္လာမယ့္ Vivo X30 စမတ္ဖုန္းနဲ႔အတူ Android 10 ကို အေျခခံၿပီးေတာ့ တခါတည္း မိတ္ဆက္လာႏိုင္ေျခမ်ားေနပါတယ္။

Ref – Gizmo China

Unicode

Vivo ကနေ လက်ရှိအချိန်အထိ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Google ရဲ့ Android OS ကို အခြေခံထားပြီး ကိုယ်ပိုင် UI တစ်ခုဖြစ်တဲ့ Funtouch OS ကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ အခုလောလောဆယ် Funtouch OS ဟာ Version 9.2 ကို ရောက်ရှိနေပြီဖြစ်ပေမယ့် မကြာခင်မှာ Funtouch OS အစား OS အသစ်တစ်ခုနဲ့ အစားထိုးလာဖို့ များနေပါတယ်။

အခုသတင်းကို Funtouch OS ရဲ့ Product Manager ကနေ Jovi OS ဆိုပြီး နာမည်အသစ်နဲ့ OS အသစ်ရဲ့ Design ဓါတ်ပုံကို Weibo စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပြီးတော့ “Thank you for having us, we will definitely explore forward!” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စာသားကိုရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက လက်ရှိ Funtouch OS ဟာ နောက်ပိုင်းမှာ သို့မဟုတ် နောက်ပိုင်းမိတ်ဆက်လာမယ့် Vivo စမတ်ဖုန်းတွေဟာ Jovi OS နဲ့ ဖြစ်လာနိုင်ခြေများနေပါတယ်။

လောလောဆယ်မှာတော့ Vivo ကနေ ယခု Jovi နာမည်ကို Vivo စမတ်ဖုန်းတွေမှာ Samsung ရဲ့ Bixby ပုံစံအနေနဲ့ AI Assistant အဖြစ်သတ်မှတ်ထားပြီး Funtouch OS ကနေ Jovi OS ကို ပြောင်းလဲမယ်ဆိုရင်လည်း AI ပိုင်းဆိုင်ရာ Feature အသစ်တွေပါဝင်လာဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ Jovi OS နဲ့ ပတ်သတ်ပြီး သတင်းအတိအကျမသိရှိရသေးပေမယ့် လာမယ့် ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်လာမယ့် Vivo X30 စမတ်ဖုန်းနဲ့အတူ Android 10 ကို အခြေခံပြီးတော့ တခါတည်း မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

Ref – Gizmo China