Unicode

တရုတ်နိုင်ငံထုတ် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Coolpad ဟာ ယခင်တုန်းကတော့ စျေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ တခြားသော ပြိုင်ဘက်ကုမ္ပဏီတွေက ကျော်တက်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိပြုလုပ်နေတဲ့ CES 2020 Event မှာ စျေးသက်သာတဲ့ 5G ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။

အခု စမတ်ဖုန်းကို Coolpad Legacy 5G လို့ နာမည်ပေးထားပြီးတေ့ာ Upper Mid-range ဖုန်းတစ်လုံးအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ 6.53″ ရှိတဲ့ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး Selfie Camera အတွက် Waterdrop Notch လည်းပါဝင်မှာဖြစ်ပါတယ်။ HDR10 ကိုလည်း Support ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကျောဖက်မှာတော့ Dual Camera Setup နဲ့ Fingerprint Sensor ကိုတွေ့ရမှာဖြစ်ပြီး Camera အနေနဲ့ကတော့ 48MP Primary Sensor နဲ့ 8MP Ultrawide Sensor တွေကို ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ပါဝင်မှာပါ။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 765 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage အတွက် MicroSD Card ကနေ 128GB အထိ ထပ်ပြီး တိုးမြှင့်နိုင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အခု Coolpad Legacy 5G ဖုန်းဟာ SIM Slot အနေနဲ့ တစ်ခုထဲပါဝင်မှာဖြစ်သလို 5G ကွန်ရက်ကိုလည်း mmWave အစား sub-6GHz ကိုပဲ Support ပေးနိုင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 4000mAh Battery ပါဝင်မှာဖြစ်သလို USB-C QC 3.0 Charging ကိုလည်း Support လုပ်ဦးမှာပါ။ Mid-range ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Audio Jack ကိုလည်း ထည့်သွင်းထားပါသေးတယ်။

Coolpad ရဲ့ ပြောကြားချက်အရ ဒီ Legacy 5G ဖုန်းကို လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်မှာ ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ အောက်ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

တရုတ်နိုင်ငံထုတ် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Coolpad ဟာ ယခင်တုန်းကတော့ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ တခြားသော ပြိုင်ဘက်ကုမ္ပဏီတွေက ကျော်တက်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိပြုလုပ်နေတဲ့ CES 2020 Event မှာ ဈေးသက်သာတဲ့ 5G ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။

အခု စမတ်ဖုန်းကို Coolpad Legacy 5G လို့ နာမည်ပေးထားပြီးတော့ Upper Mid-range ဖုန်းတစ်လုံးအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။





Coolpad ရဲ့ ပြောကြားချက်အရ ဒီ Legacy 5G ဖုန်းကို လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်မှာ ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ အောက်ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China