[Unicode]
OnePlus က တရုတ်နိုင်ငံ ရှန်ဇန်မှာ ကျင်းပမယ့် ပွဲအတွက် ဖိတ်စာတွေကို ပေးပို့နေပါတယ်။ ဇန်နဝါရီလ ၁၃ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး မျက်နှာပြင် နည်းပညာ အသစ်ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီနည်းပညာ အသစ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီက အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus ရဲ့ ပထမဆုံး 120Hz Refresh Rate မျက်နှာပြင်ကို မြင်ရနိုင်ပါတယ်။
တချို့သတင်းတွေက အဲဒီပွဲမှာ OnePlus 8 Series အသစ်တွေကို ကြေညာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် OnePlus 7T Series တွေကို ရောင်းချထားတာ သိပ်မကြာသေးတဲ့အတွက် ဒီသတင်းက ဖြစ်နိုင်ခြေနည်းပါတယ်။ OnePlus 8 Series တွေကို ဒီပွဲမှာ ကြေညာမယ်ဆိုရင် ကုမ္ပဏီရဲ့ မေလနဲ့ အောက်တိုဘာလ Release Cycle ဟာ ကျိုးပျက်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ နောက်မျိုးဆက် OnePlus စမတ်ဖုန်းတွေအစား 120Hz မျက်နှာပြင် အသစ်ကို အကျဉ်းချုံး မိတ်ဆက်မယ်လို့ ထင်ပါတယ်။ OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က အနာဂတ်ထုတ် OnePlus Devices အားလုံးမှာ အနည်းဆုံး 90Hz Refresh Rate မျက်နှာပြင်တွေ ထည့်သွင်းထားမယ်လို့ ပြောထားဖူးတဲ့အတွက် ကုမ္ပဏီဟာ High Refresh Rate Game တွေ ကစားလို့ကောင်းအောင် အာရုံစိုက် ပြုလုပ်မှာ ဖြစ်ပါတယ်။
လာမယ့် တစ်ပတ်ပွဲမှာ OnePlus ဘာကြေညာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ OnePlus ရဲ့ ထုတ်ကုန် အသစ် အကြောင်းကို သိရဖို့ MyTech Myanmar ကို အမြဲမပြတ် စောင့်မျှော်အားပေးနေပါနော်။
Ref : gsmarena
[Zawgyi]
OnePlus က မနက္ျဖန္မွာ မ်က္ႏွာျပင္နည္းပညာ အသစ္ ျပသမည္
OnePlus က တ႐ုတ္ႏိုင္ငံ ရွန္ဇန္မွာ က်င္းပမယ့္ ပြဲအတြက္ ဖိတ္စာေတြကို ေပးပို႔ေနပါတယ္။ ဇန္နဝါရီလ ၁၃ ရက္မွာ က်င္းပမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ နည္းပညာ အသစ္ကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ လက္ရွိမွာ အဲဒီနည္းပညာ အသစ္နဲ႔ ပတ္သက္ၿပီး ကုမၸဏီက အရိပ္အႁမြက္ေတာင္ မေျပာေသးပါဘူး။ ထြက္ေပၚေနတဲ့ သတင္းေတြအရ OnePlus ရဲ႕ ပထမဆုံး 120Hz Refresh Rate မ်က္ႏွာျပင္ကို ျမင္ရႏိုင္ပါတယ္။
တခ်ိဳ႕သတင္းေတြက အဲဒီပြဲမွာ OnePlus 8 Series အသစ္ေတြကို ေၾကညာမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ OnePlus 7T Series ေတြကို ေရာင္းခ်ထားတာ သိပ္မၾကာေသးတဲ့အတြက္ ဒီသတင္းက ျဖစ္ႏိုင္ေျခနည္းပါတယ္။ OnePlus 8 Series ေတြကို ဒီပြဲမွာ ေၾကညာမယ္ဆိုရင္ ကုမၸဏီရဲ႕ ေမလနဲ႔ ေအာက္တိုဘာလ Release Cycle ဟာ က်ိဳးပ်က္သြားမွာ ျဖစ္ပါတယ္။
ဒီပြဲမွာ ေနာက္မ်ိဳးဆက္ OnePlus စမတ္ဖုန္းေတြအစား 120Hz မ်က္ႏွာျပင္ အသစ္ကို အက်ဥ္းခ်ဳံး မိတ္ဆက္မယ္လို႔ ထင္ပါတယ္။ OnePlus ရဲ႕ ပူးတြဲတည္ေထာင္သူ Carl Pei က အနာဂတ္ထုတ္ OnePlus Devices အားလုံးမွာ အနည္းဆုံး 90Hz Refresh Rate မ်က္ႏွာျပင္ေတြ ထည့္သြင္းထားမယ္လို႔ ေျပာထားဖူးတဲ့အတြက္ ကုမၸဏီဟာ High Refresh Rate Game ေတြ ကစားလို႔ေကာင္းေအာင္ အာ႐ုံစိုက္ ျပဳလုပ္မွာ ျဖစ္ပါတယ္။
လာမယ့္ တစ္ပတ္ပြဲမွာ OnePlus ဘာေၾကညာမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။ OnePlus ရဲ႕ ထုတ္ကုန္ အသစ္ အေၾကာင္းကို သိရဖို႔ MyTech Myanmar ကို အၿမဲမျပတ္ ေစာင့္ေမွ်ာ္အားေပးေနပါေနာ္။
Ref : gsmarena