[Unicode]

၂၀၂၀ ပြည့်နှစ်ထဲမှာ 5G iPhone အမျိုးအစားလေးမျိုး ထွက်လာလိမ့်မယ်လို့ Apple သတင်းတွေကို အစဉ်တစိုက်လေ့လာပြီး ဖော်ပြပေးလေ့ရှိတဲ့ ဆန်းစစ်သူ Ming-Chi Kuo ကခန့်မှန်းပြောဆိုခဲ့ဖူးပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စိတ်ဝင်တစားစောင့်ကြည့်နေကြတုန်းမှာပဲ နောက်ထပ်ဆက်စပ်သတင်းတစ်ခု ထွက်လာပြန်ပါတယ်။

အစပိုင်းတုန်းကတော့ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ 6GHz မော်ဒယ်တွေကို ဦးဆုံးဖြန့်ချိမှာဖြစ်ပြီး mmWave ဖုန်းတွေကတော့ နှောင့်နှေးသွားမှာဖြစ်သလို ၂၀၂၁ အစောပိုင်းလောက်မှ ထွက်လာမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် Kuo က ဒီခန့်မှန်းချက်ကို ငြင်းဆိုသွားခဲ့ပါတယ်။

Apple ဟာ 5G ဗားရှင်းနှစ်မျိုးကို ဒီနှစ် စက်တင်ဘာမှာ တစ်ပြိုက်နက် ဖြန့်ချိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ ဈေးကွက်ငါးခုဟာ sub-6GHz နဲ့ mmWave ထောက်ပံ့တဲ့ အမျိုးအစားနှစ်မျိုးလုံးကို ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Apple ရဲ့ ၂၀၂၀ မဟာဗျူဟာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အပိုင်းတွေ အများကြီးကျန်နေပါသေးတယ်။ Carriers အချို့ကတော့ Sub-6GHz ထောက်ပံ့တဲ့ဖုန်းတွေပဲ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမျိုးအစားက mmWave ထက်နှေးမှာဖြစ်ပေမယ့် Coverage ကို ပိုကောင်းမှာပါ။ ဒါကြောင့် Lower-end iPhone တွေကတော့ mmWave အမျိုးအစား ပါဝင်တော့မှာမဟုတ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။

ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချဖို့အတွက် 5G ကွန်ရက် ဖြန့်ကျက်ထားခြင်းမရှိသေးတဲ့နိုင်ငံနဲ့ ဈေးကွက်တွေကိုတော့ 5G ချိတ်ဆက်နိုင်ခြင်းမရှိတဲ့ iPhone အမျိုးအစားတွေပဲ ရောင်းသွားဖို့ သတ်မှတ်ထားကြောင်း Kuo က ဆိုပါတယ်။ ဆိုလိုတာက 5G ချိတ်ဆက်ဖို့လိုအပ်တဲ့ Hardware ကိုထည့်သွင်းလာမှာမဟုတ်ဘူး ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

ပြင်ဆင်ထားတဲ့ဒီဇိုင်း၊ 5G ချိတ်ဆက်နိုင်မှု စတဲ့အချက်တွေကြောင့် Apple ဟာ iPhone အလုံးရေ သန်း ၈၀ နဲ့ ၈၅ သန်းကြား ရောင်းချနိုင်လိမ့်မယ်လို့ Kuo က ခန့်မှန်းထားပြန်ပါတယ်။ ဒီခန့်မှန်းချက်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ထွက်ပေါ်လာတဲ့ အလုံးရေ သန်း ၁၀၀ ဆိုတဲ့ပမာဏထက် နည်းပေမယ့် iPhone 11 တွေအတွက် ခန့်မှန်းထားတာနဲ့ သိပ်ပြီးမကွာတာကို တွေ့ရပါတယ်။

Ref: GSM Arena

[Zawgyi]

Apple ရဲ႕ 5G iPhone ေတြဟာ အလုံးေရ သန္း ၈၀ ကေန ၈၅ သန္းၾကား ေရာင္းရႏိုင္တယ္လို႔ ခန႔္မွန္းလိုက္တဲ့ Ming-Chi Kuo

၂၀၂၀ ျပည့္ႏွစ္ထဲမွာ 5G iPhone အမ်ိဳးအစားေလးမ်ိဳး ထြက္လာလိမ့္မယ္လို႔ Apple သတင္းေတြကို အစဥ္တစိုက္ေလ့လာၿပီး ေဖာ္ျပေပးေလ့ရွိတဲ့ ဆန္းစစ္သူ Ming-Chi Kuo ကခန႔္မွန္းေျပာဆိုခဲ့ဖူးပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတုန္းမွာပဲ ေနာက္ထပ္ဆက္စပ္သတင္းတစ္ခု ထြက္လာျပန္ပါတယ္။

အစပိုင္းတုန္းကေတာ့ အေမရိကန္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ 6GHz ေမာ္ဒယ္ေတြကို ဦးဆုံးျဖန႔္ခ်ိမွာျဖစ္ၿပီး mmWave ဖုန္းေတြကေတာ့ ေႏွာင့္ေႏွးသြားမွာျဖစ္သလို ၂၀၂၁ အေစာပိုင္းေလာက္မွ ထြက္လာမယ္လို႔ ခန႔္မွန္းထားခဲ့ၾကပါတယ္။ ဒါေပမယ့္ Kuo က ဒီခန႔္မွန္းခ်က္ကို ျငင္းဆိုသြားခဲ့ပါတယ္။

Apple ဟာ 5G ဗားရွင္းႏွစ္မ်ိဳးကို ဒီႏွစ္ စက္တင္ဘာမွာ တစ္ၿပိဳက္နက္ ျဖန႔္ခ်ိမွာျဖစ္တယ္လို႔ ဆိုပါတယ္။ အေမရိကန္၊ ကေနဒါ၊ ယူေက၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား စတဲ့ ေဈးကြက္ငါးခုဟာ sub-6GHz နဲ႔ mmWave ေထာက္ပံ့တဲ့ အမ်ိဳးအစားႏွစ္မ်ိဳးလုံးကို ရရွိႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ Apple ရဲ႕ ၂၀၂၀ မဟာဗ်ဴဟာနဲ႔ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းမသိရေသးတဲ့အပိုင္းေတြ အမ်ားႀကီးက်န္ေနပါေသးတယ္။ Carriers အခ်ိဳ႕ကေတာ့ Sub-6GHz ေထာက္ပံ့တဲ့ဖုန္းေတြပဲ ရရွိမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီအမ်ိဳးအစားက mmWave ထက္ေႏွးမွာျဖစ္ေပမယ့္ Coverage ကို ပိုေကာင္းမွာပါ။ ဒါေၾကာင့္ Lower-end iPhone ေတြကေတာ့ mmWave အမ်ိဳးအစား ပါဝင္ေတာ့မွာမဟုတ္ဘူးလို႔လည္း ဆိုႏိုင္ပါတယ္။

ထုတ္လုပ္မႈကုန္က်စရိတ္ ေလွ်ာ့ခ်ဖို႔အတြက္ 5G ကြန္ရက္ ျဖန႔္က်က္ထားျခင္းမရွိေသးတဲ့ႏိုင္ငံနဲ႔ ေဈးကြက္ေတြကိုေတာ့ 5G ခ်ိတ္ဆက္ႏိုင္ျခင္းမရွိတဲ့ iPhone အမ်ိဳးအစားေတြပဲ ေရာင္းသြားဖို႔ သတ္မွတ္ထားေၾကာင္း Kuo က ဆိုပါတယ္။ ဆိုလိုတာက 5G ခ်ိတ္ဆက္ဖို႔လိုအပ္တဲ့ Hardware ကိုထည့္သြင္းလာမွာမဟုတ္ဘူး ဆိုတဲ့အဓိပၸါယ္ပါပဲ။

ျပင္ဆင္ထားတဲ့ဒီဇိုင္း၊ 5G ခ်ိတ္ဆက္ႏိုင္မႈ စတဲ့အခ်က္ေတြေၾကာင့္ Apple ဟာ iPhone အလုံးေရ သန္း ၈၀ နဲ႔ ၈၅ သန္းၾကား ေရာင္းခ်ႏိုင္လိမ့္မယ္လို႔ Kuo က ခန႔္မွန္းထားျပန္ပါတယ္။ ဒီခန႔္မွန္းခ်က္က ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာတုန္းက ထြက္ေပၚလာတဲ့ အလုံးေရ သန္း ၁၀၀ ဆိုတဲ့ပမာဏထက္ နည္းေပမယ့္ iPhone 11 ေတြအတြက္ ခန႔္မွန္းထားတာနဲ႔ သိပ္ၿပီးမကြာတာကို ေတြ႕ရပါတယ္။

Ref: GSM Arena