[Unicode]

WhatsApp သုံးစွဲသူတွေအတွက် သတင်းကောင်း ၁ ခု ထွက်လာပါတယ်။ Facebook က WhatsApp မှာ ကြော်ငြာတွေ ပြသမယ့် အစီအစဉ်ကို ရပ်နားမယ်လို့ သိရပါတယ်။ The Wall Street Journal က WhatsApp ဟာ ကြော်ငြာတွေ ပြသဖို့ ဖန်တီးနေတဲ့ အဖွဲ့ကို မကြာခင်က တာဝန်ရပ်နားစေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ စီမံကိန်းနဲ့ ပတ်သက်တဲ့ ကုဒ်တွေကိုတောင် App ကနေ ဖျက်ပစ်လိုက်ပြီလို့ သိရပါတယ်။

Facebook က ၂၀၁၄ မှာ WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယမ်နဲ့ ဝယ်ယူခဲ့တဲ့ အချိန်မှာ Mark Zuckerberg က WhatsApp မှာ ကြော်ငြာတွေ ပြသမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကြော်ငြာတွေကို သင့်တော်တဲ့ လူတွေကို ပိုမို ပြသနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ WhatsApp က User Data တွေကို Facebook အား စတင် မျှဝေခဲ့ပါတယ်။ အဲဒီနောက်မှာ Facebook က WhatsApp မှာ ကြော်ငြာတွေ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီကိစ္စကြောင့်ပဲ WhatsApp ပူးတွဲတည်ထောင်သူ Jan Koum ဟာ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီကနေ ထွက်ခွာခဲ့ပါတယ်။

Jan koum က ကြော်ငြာတွေ မကြိုက်တဲ့ အကြောင်းကို တခြား ပူးတွဲတည်ထောင်သူ Brian-Action က ၂၀၁၄ ခုနှစ်မှာ Forbes ကို ပြောပြခဲ့ဖူးပါတယ်။ Forbes က Facebook ဟာ WhatsApp ရဲ့ ပင်မ အစိတ်အပိုင်းတွေမှာ ကြော်ငြာတွေ ပြသမှာ မဟုတ်ပေမယ့် App ရဲ့ Status Feature မှာ ပြသဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

၂၀၁၆ မှာ WhatsApp က နှစ်စဉ်ကြေး ၉၉ Cents ကို မယူတော့ဘဲ အခမဲ့ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကုမ္ပဏီဟာ ဝင်ငွေရဖို့ တခြား နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ WhatsApp သုံးစွဲသူ သန်း ၄၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ Payments Platform ၁ ခုကို အသက်သွင်းခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေနဲ့ လျှင်မြန်လွယ်ကူစွာ ဆက်သွယ်နိုင်မယ့် WhatsApp Business Platform ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ WhatsApp ရဲ့ ကြော်ငြာတွေကနေ ဝင်ငွေရှာမယ့် အစီအစဉ် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : tnw

[Zawgyi]

Facebook က WhatsApp မွာ ေၾကာ္ျငာေတြ ျပသမယ့္ အစီအစဥ္ကို ရပ္နားႏိုင္

WhatsApp သုံးစြဲသူေတြအတြက္ သတင္းေကာင္း ၁ ခု ထြက္လာပါတယ္။ Facebook က WhatsApp မွာ ေၾကာ္ျငာေတြ ျပသမယ့္ အစီအစဥ္ကို ရပ္နားမယ္လို႔ သိရပါတယ္။ The Wall Street Journal က WhatsApp ဟာ ေၾကာ္ျငာေတြ ျပသဖို႔ ဖန္တီးေနတဲ့ အဖြဲ႕ကို မၾကာခင္က တာဝန္ရပ္နားေစခဲ့တယ္လို႔ ေျပာပါတယ္။ အဲဒီ စီမံကိန္းနဲ႔ ပတ္သက္တဲ့ ကုဒ္ေတြကိုေတာင္ App ကေန ဖ်က္ပစ္လိုက္ၿပီလို႔ သိရပါတယ္။

Facebook က ၂၀၁၄ မွာ WhatsApp ကို ေဒၚလာ ၁၉ ဘီလီယမ္နဲ႔ ဝယ္ယူခဲ့တဲ့ အခ်ိန္မွာ Mark Zuckerberg က WhatsApp မွာ ေၾကာ္ျငာေတြ ျပသမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ေၾကာ္ျငာေတြကို သင့္ေတာ္တဲ့ လူေတြကို ပိုမို ျပသႏိုင္ဖို႔အတြက္ ၂၀၁၆ ခုႏွစ္မွာ WhatsApp က User Data ေတြကို Facebook အား စတင္ မွ်ေဝခဲ့ပါတယ္။ အဲဒီေနာက္မွာ Facebook က WhatsApp မွာ ေၾကာ္ျငာေတြ မိတ္ဆက္ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒီကိစၥေၾကာင့္ပဲ WhatsApp ပူးတြဲတည္ေထာင္သူ Jan Koum ဟာ ၂၀၁၈ ခုႏွစ္မွာ ကုမၸဏီကေန ထြက္ခြာခဲ့ပါတယ္။

Jan koum က ေၾကာ္ျငာေတြ မႀကိဳက္တဲ့ အေၾကာင္းကိုတျခား ပူးတြဲတည္ေထာင္သူ Brian-Action က ၂၀၁၄ ခုႏွစ္မွာ Forbes ကို ေျပာျပခဲ့ဖူးပါတယ္။ Forbes က Facebook ဟာ WhatsApp ရဲ႕ ပင္မ အစိတ္အပိုင္းေတြမွာ ေၾကာ္ျငာေတြ ျပသမွာ မဟုတ္ေပမယ့္ App ရဲ႕ Status Feature မွာ ျပသဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

၂၀၁၆ မွာ WhatsApp က ႏွစ္စဥ္ေၾကး ၉၉ Cents ကို မယူေတာ့ဘဲ အခမဲ့ သုံးစြဲခြင့္ျပဳခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ကုမၸဏီဟာ ဝင္ေငြရဖို႔ တျခား နည္းလမ္းေတြကို ရွာေဖြခဲ့ပါတယ္။ WhatsApp သုံးစြဲသူ သန္း ၄၀၀ ေက်ာ္ရွိတဲ့ အိႏၵိယမွာ Payments Platform ၁ ခုကို အသက္သြင္းခဲ့ပါတယ္။ စီးပြားေရးလုပ္ငန္းေတြက ေဖာက္သည္ေတြနဲ႔ လွ်င္ျမန္လြယ္ကူစြာ ဆက္သြယ္ႏိုင္မယ့္ WhatsApp Business Platform ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ WhatsApp ရဲ႕ ေၾကာ္ျငာေတြကေန ဝင္ေငြရွာမယ့္ အစီအစဥ္ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : tnw