[Unicode]
Apps တွေမှာ Dark Theme ထည့်သွင်းပေးလာမှု များပြားလာနေပါတယ်။ Facebook ကလည်း အဲဒီထဲမှာ ပါဝင်လာပြီး Messenger App နဲ့ Facebook Website တို့အတွက် Dark Mode ကို ထည့်သွင်းပေးထားပြီးပါပြီ။ အခုတော့ Android အတွက် စတင် စမ်းသပ်နေပါပြီ။ Facebook Android မှာ Dark Mode ကို တွေ့မြင်လာရပြီလို့ လူတချို့က ပြောနေကြပါတယ်။ ဒါပေမယ့် ခဏတာပဲ တွေ့မြင်ခဲ့ရတဲ့အတွက် စမ်းသပ်နေတာဖြစ်နိုင်ပါတယ်။ Reddit မှာလည်း လွန်ခဲ့တဲ့ ၂ လလောက်က ဒီလို သတင်းထွက်ခဲ့ဖူးပါတယ်။ တွစ်တာမှာလည်း မကြာခင်က ဒီသတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
Facebook က Dark Theme ကို ဖန်တီးနေတာ လပေါင်းများစွာ ကြာနေပါပြီ။ WhatsApp မှာ စတင် စမ်းသပ်ပြီးနောက် အခုတော့ Android မှာ ပေါ်လာနေပါပြီ။ အဲဒီအတွက် Dark Theme ကို သုံးလို့ရဖို့ သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။
Apps များစွာမှာ Dark Mode ကို စမ်းသပ်နေကြပါတယ်။ ဒီ ၁ ပတ်ထဲမှာ နောက်ဆုံးထုတ် WhatsApp Beta မှာ Dark Mode ကို တွေ့လာရပါတယ်။ အခုတော့ Facebook မှာပါ တိုးချဲ့စမ်းသပ်နေပါတယ်။ Facebook Android မှ Dark Theme ရဲ့ Screenshots တွေလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Facebook ဟာ Regular နဲ့ Dark Theme ကြားမှာ ကျပန်းပြောင်းလဲတာကို စမ်းသပ်နေတယ်လို့ Users တွေက ပြောကြပါတယ်။ လက်ရှိမှာ Facebook က Android အတွက် Dark Theme ကို စမ်းသပ်နေဆဲ အဆင့်သာ ရှိသေးပေမယ့် အများကြီးတိုးတက်နေပြီလို့ ထင်ပါတယ်။
Ref : androidpolice
[Zawgyi]
Facebook က Android မွာ Dark Mode ကို စမ္းသပ္ေန
Apps ေတြမွာ Dark Theme ထည့္သြင္းေပးလာမႈ မ်ားျပားလာေနပါတယ္။ Facebook ကလည္း အဲဒီထဲမွာ ပါဝင္လာၿပီး Messenger App နဲ႔ Facebook Website တို႔အတြက္ Dark Mode ကို ထည့္သြင္းေပးထားၿပီးပါၿပီ။ အခုေတာ့ Android အတြက္ စတင္ စမ္းသပ္ေနပါၿပီ။ Facebook Android မွာ Dark Mode ကို ေတြ႕ျမင္လာရၿပီလို႔ လူတခ်ိဳ႕က ေျပာေနၾကပါတယ္။ ဒါေပမယ့္ ခဏတာပဲ ေတြ႕ျမင္ခဲ့ရတဲ့အတြက္ စမ္းသပ္ေနတာျဖစ္ႏိုင္ပါတယ္။ Reddit မွာလည္း လြန္ခဲ့တဲ့ ၂ လေလာက္က ဒီလို သတင္းထြက္ခဲ့ဖူးပါတယ္။ တြစ္တာမွာလည္း မၾကာခင္က ဒီသတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
Facebook က Dark Theme ကို ဖန္တီးေနတာ လေပါင္းမ်ားစြာ ၾကာေနပါၿပီ။ WhatsApp မွာ စတင္ စမ္းသပ္ၿပီးေနာက္ အခုေတာ့ Android မွာ ေပၚလာေနပါၿပီ။ အဲဒီအတြက္ Dark Theme ကို သုံးလို႔ရဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ထင္ပါတယ္။
Apps မ်ားစြာမွာ Dark Mode ကို စမ္းသပ္ေနၾကပါတယ္။ ဒီ ၁ ပတ္ထဲမွာ ေနာက္ဆုံးထုတ္ WhatsApp Beta မွာ Dark Mode ကို ေတြ႕လာရပါတယ္။ အခုေတာ့ Facebook မွာပါ တိုးခ်ဲ႕စမ္းသပ္ေနပါတယ္။ Facebook Android မွ Dark Theme ရဲ႕ Screenshots ေတြလည္း မ်ားစြာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ Facebook ဟာ Regular နဲ႔ Dark Theme ၾကားမွာ က်ပန္းေျပာင္းလဲတာကို စမ္းသပ္ေနတယ္လို႔ Users ေတြက ေျပာၾကပါတယ္။ လက္ရွိမွာ Facebook က Android အတြက္ Dark Theme ကို စမ္းသပ္ေနဆဲ အဆင့္သာ ရွိေသးေပမယ့္ အမ်ားႀကီးတိုးတက္ေနၿပီလို႔ ထင္ပါတယ္။
Ref : androidpolice