Unicode

Xiaomi ကနေ MIUI မဟုတ်တဲ့ Android One OS ကို အသုံးပြုထားတဲ့ Mi A Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက Mi A1 ဖုန်းနဲ့ စတင်ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ Xiaomi ကနေ Mi A3 ဖုန်းတွေကို ၂၀၁၉ နှစ်လယ်ပိုင်းမှာ ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။

Xiaomi ကနေ ဒီလိုမျိုး Android One OS သုံးဖုန်းတွေကို ထုတ်လုပ်နေတယ်ဆိုပေမယ့် Android Update ရရှိမှုမှာတော့ ကျန်တဲ့ Xiaomi ဖုန်းတွေထက် သိသိသာသာမြန်ဆန်တယ်လို့ ပြောလို့မရပါဘူး။ အခုလည်း Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်လယ်ပိုင်းကမှ မိတ်ဆက်ထားခဲ့တဲ့ Mi A2 Lite ဖုန်းကို Android 10 Update ရရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Mi A2 Lite စမတ်ဖုန်းအပြင် Mi A1 စမတ်ဖုန်းကလည်း Android 10 ကို Update ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း Mi A1 ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်တဲ့အပြင် ထွက်ရှိတဲ့အချိန်မှာလည်း Android 7.1.2 Nougat နဲ့ ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် Android 10 Update ကို မရရှိတာက လက်ခံနိုင်တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Mi A2 Lite နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Mi A2 ဖုန်းကတော့ Android 10 ကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ Update လုပ်နိုင်မှာဖြစ်ပြီး Mi A2 Lite ကို Update လုပ်ပေးခြင်းမရှိတာကတော့ Software Update ကို ၂ နှစ်ဆက်တိုက်ရမယ့် Android One ဖုန်းတစ်လုံးအတွက်ကတော့ လက်သင့်ခံနိုင်စရာမရှိဘူးလို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ Xiaomi ရဲ့ Mi A Series Android One ဖုန်းတွေဟာ Nokia ဖုန်းတွေလောက်တောင် Android Update ပိုင်းမှာ စိတ်မချရတာ သေချာသွားပါပြီ။

Ref – Notebook Check

Zawgyi

Xiaomi ကေန MIUI မဟုတ္တဲ့ Android One OS ကို အသုံးျပဳထားတဲ့ Mi A Series စမတ္ဖုန္းေတြကို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ထဲက Mi A1 ဖုန္းနဲ႔ စတင္ထုတ္လုပ္ထားခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ Xiaomi ကေန Mi A3 ဖုန္းေတြကို ၂၀၁၉ ႏွစ္လယ္ပိုင္းမွာ ေရာင္းခ်ခဲ့တာလည္းျဖစ္ပါတယ္။

Xiaomi ကေန ဒီလိုမ်ိဳး Android One OS သုံးဖုန္းေတြကို ထုတ္လုပ္ေနတယ္ဆိုေပမယ့္ Android Update ရ႐ွိမႈမွာေတာ့ က်န္တဲ့ Xiaomi ဖုန္းေတြထက္ သိသိသာသာျမန္ဆန္တယ္လို႔ ေျပာလို႔မရပါဘူး။ အခုလည္း Xiaomi ကေန ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္လယ္ပိုင္းကမွ မိတ္ဆက္ထားခဲ့တဲ့ Mi A2 Lite ဖုန္းကို Android 10 Update ရ႐ွိမွာမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

Mi A2 Lite စမတ္ဖုန္းအျပင္ Mi A1 စမတ္ဖုန္းကလည္း Android 10 ကို Update ျပဳလုပ္ႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း Mi A1 ဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ထဲက မိတ္ဆက္ခဲ့တာျဖစ္တဲ့အျပင္ ထြက္႐ွိတဲ့အခ်ိန္မွာလည္း Android 7.1.2 Nougat နဲ႔ ထြက္႐ွိခဲ့တာျဖစ္တဲ့အတြက္ Android 10 Update ကို မရ႐ွိတာက လက္ခံႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။

ဒါေပမယ့္ Mi A2 Lite နဲ႔အတူ မိတ္ဆက္ခဲ့တဲ့ Mi A2 ဖုန္းကေတာ့ Android 10 ကို လာမယ့္ ရက္သတၱပတ္အတြင္းမွာ Update လုပ္ႏိုင္မွာျဖစ္ၿပီး Mi A2 Lite ကို Update လုပ္ေပးျခင္းမရွိတာကေတာ့ Software Update ကို ၂ ႏွစ္ဆက္တိုက္ရမယ့္ Android One ဖုန္းတစ္လုံးအတြက္ကေတာ့ လက္သင့္ခံႏိုင္စရာမရွိဘူးလို႔ ေျပာရမွာပါ။

ဘာပဲျဖစ္ျဖစ္ ၾကည့္ရတာေတာ့ Xiaomi ရဲ႕ Mi A Series Android One ဖုန္းေတြဟာ Nokia ဖုန္းေတြေလာက္ေတာင္ Android Update ပိုင္းမွာ စိတ္မခ်ရတာ ေသခ်ာသြားပါၿပီ။

Ref – Notebook Check