Unicode
လက်ရှိအချိန်မှာ တကမ္ဘာလုံးအတွက် အရေးအကြီးဆုံးသတင်းလို့ ပြောလိုက်ရင် ဝူဟန်ဗိုင်းရပ်စ် လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ပဲဖြစ်မှာပါ။ မကြာသေးခင်တုန်းက Google ကနေ Search Result တွေမှာ SOS Alert အပြင် Safety Tips တွေကိုပါ ဖော်ပြခဲ့သလိုပဲ Facebook ကနေလည်း ဒီ ဝူဟန်ဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့ ထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့ပါတယ်။
အခုကြေညာချက်ကတော့ လက်ရှိ Facebook နဲ့ Instagram ပေါ်မှာ တက်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့သတင်းတွေထဲက သတင်းအမှားတွေကို စတင်ဖယ်ရှားသွားတော့မှာပဲဖြစ်ပါတယ်။ Facebook ရဲ့ ပြောကြားချက်အရတော့အဆိုပါ သတင်းအမှားတွေကနေ လူအများစုဆီကို မှားယွင်းတဲ့ကုသကာကွယ်နည်းတွေကို ရောက်ရှိသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Facebook ဟာ ယခင်တုန်းက ဒီလိုမျိုး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေကို Limit ပြုလုပ်တာမျိုးရှိခဲ့ပေမယ့် ဖယ်ရှားတာကတော့ ရှားပါးခဲ့ပါတယ်။ အဲ့ဒီအတွက် ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှားတွေကို ဖယ်ရှားသွားမယ်ဆိုတာက အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး ဖယ်ရှားသွားမယ့်အစီအစဥ်က Facebook ကို အသုံးပြုနေတဲ့သူတွေရဲ့ False Information ဆိုပြီး Report ပြုလုပ်မှုတွေနဲ့ ကိုယ်ပိုင် Fact-checker တွေနဲ့ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဝူဟန်ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကူးစက်ခံရသူ အယောက် ၁ သောင်းဝန်းကျင်ရှိနေပြီးတော့ သေဆုံးသူကလည်း အယောက် ၂၀၀ ကျော်ရှိသွားပြီပဲဖြစ်ပါတယ်။ World Health Organization (WHO) ကိုယ်တိုင်ကလည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားတဲ့အတွက် လူတိုင်းဂရုစိုက်ပြီး ကာကွယ်သင့်နေပါပြီ။
Ref – The Verge
Zawgyi
လက္ရွိအခ်ိန္မွာ တကမာၻလုံးအတြက္ အေရးအႀကီးဆုံးသတင္းလို႔ ေျပာလိုက္ရင္ ဝူဟန္ဗိုင္းရပ္စ္ လို႔ လူသိမ်ားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (coronavirus) ပဲျဖစ္မွာပါ။ မၾကာေသးခင္တုန္းက Google ကေန Search Result ေတြမွာ SOS Alert အျပင္ Safety Tips ေတြကိုပါ ေဖာ္ျပခဲ့သလိုပဲ Facebook ကေနလည္း ဒီ ဝူဟန္ဗိုင္းရပ္စ္နဲ႔ သက္ဆိုင္တဲ့ ထုတ္ျပန္ခ်က္တစ္ခုကို ေၾကညာခဲ့ပါတယ္။
အခုေၾကညာခ်က္ကေတာ့ လက္ရွိ Facebook နဲ႔ Instagram ေပၚမွာ တက္လာတဲ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ သက္ဆိုင္တဲ့သတင္းေတြထဲက သတင္းအမွားေတြကို စတင္ဖယ္ရွားသြားေတာ့မွာပဲျဖစ္ပါတယ္။ Facebook ရဲ႕ ေျပာၾကားခ်က္အရေတာ့အဆိုပါ သတင္းအမွားေတြကေန လူအမ်ားစုဆီကို မွားယြင္းတဲ့ကုသကာကြယ္နည္းေတြကို ေရာက္ရွိသြားႏိုင္တဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။
Facebook ဟာ ယခင္တုန္းက ဒီလိုမ်ိဳး က်န္းမာေရးနဲ႔ သက္ဆိုင္တဲ့ သတင္းအမွားေတြကို Limit ျပဳလုပ္တာမ်ိဳးရွိခဲ့ေပမယ့္ ဖယ္ရွားတာကေတာ့ ရွားပါးခဲ့ပါတယ္။ အဲ့ဒီအတြက္ ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတင္းအမွားေတြကို ဖယ္ရွားသြားမယ္ဆိုတာက အေရးပါတဲ့ ဆုံးျဖတ္ခ်က္တစ္ခုလို႔ ေျပာႏိုင္ပါတယ္။ ဒီလိုမ်ိဳး ဖယ္ရွားသြားမယ့္အစီအစဥ္က Facebook ကို အသုံးျပဳေနတဲ့သူေတြရဲ႕ False Information ဆိုၿပီး Report ျပဳလုပ္မႈေတြနဲ႔ ကိုယ္ပိုင္ Fact-checker ေတြနဲ႔ ျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ဝူဟန္ဗိုင္းရပ္စ္ဟာ တကမာၻလုံးအတိုင္းအတာအေနနဲ႔ ကူးစက္ခံရသူ အေယာက္ ၁ ေသာင္းဝန္းက်င္ရွိေနၿပီးေတာ့ ေသဆုံးသူကလည္း အေယာက္ ၂၀၀ ေက်ာ္ရွိသြားၿပီပဲျဖစ္ပါတယ္။ World Health Organization (WHO) ကိုယ္တိုင္ကလည္း အေရးေပၚအေျခအေနထုတ္ျပန္ထားတဲ့အတြက္ လူတိုင္းဂ႐ုစိုက္ၿပီး ကာကြယ္သင့္ေနပါၿပီ။
Ref – The Verge