ဒီနေ့ခေတ်မှာ လူငယ်အများစုဟာ စမတ်ဖုန်းနဲ့ပဲ ဂိမ်းကစားလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းနယ်ပယ်မှာ (အထွေထွေအားဖြင့်) မိုလ်ဘိုင်းဂိမ်းမင်းဈေးကွက်ဟာ အကြီးမားဆုံးအစိတ်အပိုင်း ဖြစ်လာပါတယ်။ ၂၀၁၈ တုန်းက မိုလ်ဘိုင်းဂိမ်းဈေးကွက်ဟာ ဒေါ်လာ ၆၈.၅ ဘီလီယံပဲ တန်ကြေးရှိခဲ့တာပါ။

ဒီထဲကမှ ဒေါ်လာ ၅၄.၉ ဘီလီယံလောက်က စမတ်ဖုန်းတွေဆီကနေ လာခဲ့တာဖြစ်ပြီး၊ သေးငယ်တဲ့အစိတ်အပိုင်းအဖြစ် တက်ဘလက်တွေဆီကနေ ဒေါ်လာ ၁၃.၆ ဘီလီယံလောက် ရရှိခဲ့တာပါ။ ဒါပေမယ့် နောက်ထပ်နှစ်အနည်းငယ်အတွက်ခန့်မှန်းရာမှာ မိုလ်ဘိုင်းဂိမ်းဈေးကွက်ဟာ ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်နေဦးမှာ ဖြစ်ပါတယ်။

PC နဲ့ Browser-based ဂိမ်းတွေကတော့ တဖြည်းဖြည်းနဲ့ လျော့ပါးသွားမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအချိန်မှာလည်း PC နဲ့ Browser-based တွေဟာ ဈေးကွက်ဖွံ့ဖြိုးလာဖို့ထက် ရှိပြီးသားဈေးကွက်ကို လက်လွတ်ဆုံးရှုံးမသွားအောင်လို့ ရုန်းကန်နေရတာကို တွေ့မြင်ရပါတယ်။

လက်ရှိအချိန်မှာတော့ မိုလ်ဘိုင်းဂိမ်းရဲ့ ဝင်ငွေအများစုဟာ iOS ထုတ်ကုန်တွေကတစ်ဆင့် ရရှိတာကို တွေ့ရပါတယ်။ ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၃ မတိုင်မီမှာ Android ကနေရမယ့်ဝင်ငွေက iOS ကို ကျော်တက်ဖို့ရှိနေပါတယ်။

ဂိမ်းနဲ့ပတ်သက်တဲ့ဝင်ငွေအများစုဟာ In-app ဝယ်ယူမှုကနေ ရရှိလာတာဖြစ်ပြီး စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်အထိ ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ Video ads တွေဆီကနေဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ App ရဲ့ ဝင်ငွေအများစုဟာ Video နဲ့ Display ads တွေကနေဖြစ်ပါတယ်။

Ref: GSM Arena