လက်ရှိအချိန်မှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟာ နိုင်ငံပေါင်း ၂၉ နိုင်ငံအထိ ကူးစက်နေပြီဖြစ်သလို ကူးစက်ခံရတဲ့လူအယောက် ၆၉,၀၀၀ ကျော်နဲ့ အသက်သေဆုံးသူ ၁,၆၀၀ ကျော်အထိရှိနေပြီဖြစ်ပါတယ်။

အခုလိုမျိုး အရေးပေါ်အခြေအနေဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကတင် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြုလုပ်ဖို့ရှိနေတဲ့ ကမ္ဘာ့အကြီးမားဆုံး Mobile Trade Show တစ်ခုဖြစ်တဲ့ Mobile World Congress (MWC) 2020 Event ကိုပါ ဖျက်သိမ်းခဲ့ပါသေးတယ်။ အခုလည်း Facebook ကနေ မကြာခင်ကျင်းပသွားဖို့ရှိနေတဲ့ Global Marketing Conference တစ်ခုကို ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

Facebook ရဲ့ အဆိုပါ Global Marketing Conference ဟာ လာမယ့် မတ်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့မှာ San Francisco မြို့မှာရှိတဲ့ Moscone Center မှာပြုလုပ်သွားမှာဖြစ်ပြီး လူအယောက် ၄,၀၀၀ ဝန်းကျင် တက်ရောက်မှာဖြစ်ပါတယ်။

Facebook ဘက်က ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုရရှိဖို့က အရေးအကြီးဆုံးနေရာမှာရှိတဲ့အတွက် အခုလိုမျိုး သတိကြီးမားစွာထားပြီး လူအမြောက်အများကို ကူးစက်နိုင်ခြေရှိတဲ့အတွက် အခုလိုမျိုး Global Marketing Summit ကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ခြင်းမရှိသေးတာဟာ တရုတ်နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ စက်ရုံတွေတင်မဟုတ်ဘဲ တကမ္ဘာလုံးကိုပါ တဖြည်းဖြည်းထိခိုက်လာပါပြီ။

Ref – The Verge