Samsung ကနေ လက်ရှိ Galaxy A Series ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ပြောရမယ့် Galaxy A71 စမတ်ဖုန်းကို ပြီးခဲ့တဲ့လတုန်းက စတင်မိတ်ဆက်ရောင်းချခဲ့တာဖြစ်ပါတယ်။

အဆိုပါ Galaxy A71 စမတ်ဖုန်းဟာ ကြီးမားတဲ့ 6.7″ Super AMOLED Display ၊ Quad Camera Setup ၊ ကြီးမားတဲ့ Battery အပြင် Qualcomm Snapdragon 730G ကြောင့် Mid Range ဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Samsung ကနေ Galaxy A71 ကိုပဲ 5G Version အနေနဲ့ ထပ်မံထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။

အခု Galaxy A71 5G ဖုန်းဟာ Snapdragon Processor အစား Samsung ရဲ့ 5G Chipset ဖြစ်တဲ့ Exynos 980 ကို အသုံးပြုထားမှာဖြစ်ပြီးတော့ အခုဆိုရင် Geekbench မှာပါ Benchmark တွေပေါက်ကြားလာခဲ့ပါပြီ။ ယခု Benchmark အရ Galaxy A71 5G ဟာ Android 10 OS ကို အသုံးပြုထားပြီး RAM 8GB ထည့်သွင်းထားတာကို တွေ့ရပါတယ်။

Performance ပိုင်းအနေနဲ့တော့ ဒီ 8nm Architecture ကို အခြေခံထားတဲ့ Exynos 980 Chipset ဟာ Single-Core Score ကို 3078 Marks နဲ့ Multi-Core Score ကို 7346 Marks ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် Exynos 980 မှာပါဝင်တဲ့ Mali G76 MP5 GPU ဟာ Snapdragon 730G ရဲ့ Adreno 618 ထက် စွမ်းဆောင်ရည်ပိုကောင်းတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် 5G ဖြစ်သွားတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း ပုံမှန် A71 ထက် ပိုပြီး တိုးတက်လာမှာပါ။

Samsung ဟာ ယခု Galaxy A71 5G ဖုန်းကို US နဲ့ China အပြင် အခြားသောစျေးကွက်တွေမှာပါ ရောင်းချမယ်လို့ သိရပြီး Mid Range 5G စျေးကွက်မှာ အောင်မြင်တဲ့ ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Notebook Check