Google ရဲ့ Gboard ဟာ လက်ရှိ Android Device တွေအတွက် အကောင်းဆုံး Keyboard တစ်ခုလို့ ပြောရင်တောင်မမှားပါဘူး။ အခုအချိန်မှာလည်း Google ကနေ အဆိုပါ Gboard App ရဲ့ အသုံးဝင်တဲ့ Feature တစ်ခုကို Update လုပ်ပေးလိုက်ပါပြီ။

ဒါကတော့ Gboard ကို အသုံးပြုတဲ့အချိန်မှာ စာရိုက်တဲ့ Typing Speed ကို သိသိသာသာပိုပြီးမြန်ဆန်လာအောင် Input Lag နဲ့ Latency ကို နောက်ဆုံး Update မှာ လျော့ချပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အခု Update ဟာ လောလောဆယ်မှာ Gboard Beta Version အတွက်ပဲဖြစ်ပြီး Stable အတွက်ကတော့ အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Google ဟာ ဒီ Typing Speed ကိုပိုပြီးမြန်ဆန်လာအောင် ပြုလုပ်ပေးလိုက်တဲ့အပြင် Keyboard ကို ခေါ်ဖို့ Cursor ကို နှိပ်တဲ့အခါမှာ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ Keyboard ကို အသုံးပြုနိုင်အောင်လည်း Start-up Time ကို လျော့ချပေးခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် ဒီ Gboard ကို အသုံးပြုရတဲ့ Overall Experience အကုန်လုံးမှာ ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ Update မှာ Handwriting နဲ့ပတ်သက်ပြီးလည်း Improve ပြုလုပ်ထားသလို Tibetan Language အသစ်ကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။

ဒီ Gboard Update ကို Stable အနေနဲ့စောင့်ဆိုင်းနိုင်သလို Beta Channel ကို ဝင်ရောက်ပြီး အခုပဲ Download ပြုလုပ်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Ref – Android Central