Vivo ကုမ္ပဏီဟာ လာမယ့်ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ Z6 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာပါ။ ဒီဖုန်းမှာ Snapdragon 765G ချစ်ပ်ဆက်၊ 5,000 mAh ဘက္ထရီနဲ့ 44W အားသွင်းစနစ်အပြင် ပီစီကွန်ပြူတာအဆင့်ရှိတဲ့ Liquid Cooling အအေးပေးစနစ်ကိုပါ ထည့်သွင်းလာမယ်လို့ အတည်ပြုထားပြီးသားလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ မိတ်ဆက်ဖို့ ရက်အနည်းငယ်သာလိုတော့တဲ့အချိန်မှာ ကုမ္ပဏီဟာ Z6 5G ရဲ့နောက်ဘက်က Quad-camera အတွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံ Tease လုပ်လာခဲ့ပါပြီ။ အဆိုပါကင်မရာအတွဲမှာ 48MP f/1.79 အဓိက Sensor ကို ၁၁၂ ဒီဂရီရိုက်လို့ရတဲ့ Ultrawide, Macro နဲ့ Depth Sensor သုံးခုဖြင့် ဝန်းရံထားပါတယ်။

Vivo ဟာ ကျန်တဲ့ Ultrawide, Macro နဲ့ Depth Sensor တို့ရဲ့ Resolution ကိုတော့ ထည့်မပြောထားပါဘူး။ ဒါပေမယ့် TENAA စာရင်းမှာတော့ Ultrawide ယူနစ်ဟာ 8MP ဖြစ်ပြီး Macro နဲ့ Depth Lens တွေက 2MP စီ ရှိတာကို တွေ့ခဲ့ရပါတယ်။

ကျန်တဲ့ Specs တွေထဲမှာ တရုတ်ပြည်တွင်း အတည်ပြုစစ်ဆေးရေးအာဏာပိုင်တွေဆီမှာ တွေ့ရှိရတဲ့ အချက်အလက်တွေအရတော့ 6.57” လက်မအရွယ် FHD+ Display တစ်ခု၊ Android 10 OS နဲ့ 16MP ဆဲလ်ဖီကင်မရာ တို့ကိုတွေ့ရပါတယ်။

Z6 5G ဖုန်းဟာ RAM မန်မိုရီ 6/8GB နှစ်မျိုးလာမှာဖြစ်ပြီး Storage ကတော့ 64 / 128 / 256 GB ဆိုပြီး သုံးမျိုးရွေးချယ်နိုင်မှာပါ။ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်နေရာ စတာတွေကိုတော့ သိပ်မကြာခင် မိတ်ဆက်ပွဲမှာတွေ့ရမှာဖြစ်ပါတယ်။

Ref – GSM Arena