MediaTek ကနေ Mid Range နဲ့ High End ဖုန်းတွေအတွက် လက်ရှိ Helio P Series Processor တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Helio P95 Processor ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။
Helio P95 Processor ဟာ 8-core Chipset အမျိုးအစားဖြစ်ပြီး 2.2GHz Cortex-A75 Core ၂ လုံးနဲ့ 2GHz Cortex-A55 Core ၆ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့ကတော့ PowerVR GM 94446 GPU ကို ထည့်သွင်းထားပြီး ပြီးခဲ့တဲ့ Generation ထက် ၁၀ ရာခိုင်နှုန်းပိုသာမယ်လို့ သိရပါတယ်။
MediaTek Helio P95 ဟာ 8GB LPDDR4X RAM အထိ Support ပေးနိုင်သလို UFS 2.1 Storage တွေကိုပါ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 64MP Sensor သို့မဟုတ် 24MP + 12MP Dual Camera Setup နဲ့ Display ပိုင်းမှာ Full HD+ Resolution ကို 21:9 Ratio အထိ Support ပေးနိုင်မှာလည်းဖြစ်ပါတယ်။
Helio P95 ဟာ 14-bit RAW နဲ့ 10-bit YUV Processing တွေကို ထောက်ပံနိုင်တဲ့ Triple ISP ပါဝင်သလို AI Camera Feature တွေဖြစ်တဲ့ AI-NR Low-light Photography ၊ 5-person Human Pose Tracking ၊ Multiple Objects & Scene Detection နဲ့ AI Depth Engine တွေပါဝင်မှာလည်းဖြစ်ပါတယ်။
ဒါတင်မဟုတ်သေးဘဲ Helio P95 မှာ Benchmark Performance တွေကို ယခင်ကထက် ၁၀ ရာခိုင်နှုန်းပိုတိုးလာစေမဘ့် APU 2.0 လည်းပါဝင်လာပြီး လက်ရှိ 4G စမတ်ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး AI Engine လည်းဖြစ်တယ်လို့ သိရပါတယ်။ Gaming ပိုင်းအတွက်လည်း MediaTek ရဲ့ HyperEngine Feature ပါဝင်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် 4G Mid Range နဲ့ High End Chipset တွေထဲမှာတော့ MediaTek Helio P95 Processor က စွမ်းဆောင်ရည်တော်တော်လေးကို ကောင်းနေနိုင်ပြီး ဘယ်စမတ်ဖုန်းတွေမှာ အသုံးပြုလာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – Gizmo China