OPPO ကနေ ပြီးခဲ့တဲ့ MWC Event မှာမမိတ်ဆက်ဖြစ်ခဲ့တဲ့ Find X2 Series ကို အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OPPO Find X2 နဲ့ Find X2 Pro ဖုန်းတွေဟာ 120Hz QHD+ Refresh Rate Display တွေအပြင် Snapdragon 865 Processor နဲ့ 5G Support ပါ ပါဝင်လာပြီဖြစ်ပြီး Find X2 Pro မှာဆိုရင် Camera ပိုင်းကိုပါ အဆင့်မြှင့်တင်လာခဲ့တာပါ။

Display အနေနဲ့ကတော့ ဒီ Find X2 Series ဖုန်း ၂ လုံးစလုံးတူညီပြီးတော့ 10-bit 6.7″ QHD+ AMOLED Display ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ QHD+ Resolution မှာ 120Hz Refresh Rate ကို Support ပေးနိုင်တဲ့ပထမဆုံး Flagship ဖုန်းတွေဖြစ်လာတာဖြစ်ပြီး 240Hz Touch Sampling Rate ကိုလည်း Support ပြုလုပ်လာဦးမှာဖြစ်ပါတယ်။ Color Accuracy ပိုင်းအနေနဲ့လည်း 100% DCI-P3 ကို Support ပြုလုပ်မှာပါ။

အရင်ဆုံး OPPO Find X2 အနေနဲ့ Snapdragon 865 Processor ကိုမှ 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 Storage ပါဝင်လာမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ Triple Camera Setup ထည့်သွင်းထားပြီး 48MP f1.7 Sony IMX586 Primary Sensor အပြင် 12MP f2.2 Sony IMX708 Ultrawide Sensor နဲ့ 5x Hybrid Zoom ကို Support ပြုလုပ်တဲ့ 13MP Telephoto Sensor တွေပါဝင်မှာပါ။ ဒီ Camera ၃ လုံးစလုံးကနေ Ultra Night Mode နဲ့ ရိုက်ကူးနိုင်တယ်လို့လည်း သိရပါတယ်။

Selfie Camera အတွက်ကတော့ 32MP f2.4 Sony IMX616 Sensor ကိုထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့တော့ 4200mAh Battery ကိုမှ 65W Super VOOC 2.0 Flash Charge ပါဝင်မှာဖြစ်ပါတယ်။

OPPO Find X2 Pro ဖုန်းကတော့ တူညီတဲ့ Snapdragon 865 Processor နဲ့ RAM 12GB ပါဝင်တဲ့အပြင် Storage ကလည်း 512GB အထိပါဝင်လာမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Primary Sensor အနေနဲ့ Find X2 လိုမျိုးပဲ 48MP Sony IMX586 Sensor ကိုပဲ အသုံးပြုထားပေမယ့် Ultrawide Sensor ကိုပါ နောက်ထပ် 48MP Sony IMX586 Sensor ကိုပဲ f2.2 Aperture နဲ့ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါက လက်ရှိမှာ Megapixels အများဆုံး Ultrawide Camera တစ်ခုဖြစ်သွားသလို Macro Mode ကိုလည်း 3cm အကွာအဝေးကနေ ရိုက်ကူးနိုင်မှာပါ။ Telephoto Sensor ကလည်း 5x Optical Zoom နဲ့ 60x Digital Zoom အထိရိုက်ကူးနိုင်တဲ့ 13MP f3.0 Periscope Sensor ကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ Selfie Camera ကတော့ Find X2 နဲ့တူညီတဲ့ 32MP Sensor ပဲပါဝင်မှာပါ။

Battery ပိုင်းမှာတော့ Find X2 ထက် အနည်းငယ်ပိုကြီးတဲ့ 4260mAh Battery ပါဝင်မှာဖြစ်ပြီး 65W Super VOOC 2.0 Flash Charge နည်းပညာပါဝင်ဦးမှာပါ။ တခြားသော Feature တွေအနေနဲ့ Find X2 Pro မှာ IP68 Water Resistant ပါဝင်ပြီးတော့ Find X2 မှာတော့ IP54 ပဲပါဝင်မှာဖြစ်ပါတယ်။ Haptics ပိုင်းအတွက် Special X-axis Motor ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

OPPO Find X2 ကိုတော့ Ocean Glass နဲ့ Black Ceramic ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ €999 (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) နဲ့ Find X2 Pro ကိုတော့ Vegan Leather Orange နဲ့ Black Ceramic ဆိုပြီး €1,199 (မြန်မာငွေ ၁၈ သိန်းကျော်) နဲ့ လာမယ့် မေလအစောပိုင်းမှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena