Oppo က Find X2, Find X2 Pro နဲ့အတူ Oppo Find X2 Pro Lamborghini Edition ကိုပါ ကြေညာလိုက်ပါတယ်။ အဲဒီ အလန်းစားဖုန်းရဲ့ အပြင်ဘက်ပိုင်းဟာ တစ်ကမ္ဘာလုံးမှာ အစီးရေ ၈၀၀ ပဲ ကန့်သတ်ရောင်းချထားတဲ့  Aventador SVJ Roadster ကားကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထုတ် Find X Lamborghini Edition မှာ Find X ထက် ပိုကောင်းတဲ့ Specs တွေ ထည့်သွင်းထားပါတယ်။ ဒီနှစ်ထုတ် Oppo Find X2 Pro Lamborghini Edition ရဲ့ Specs တွေကတော့ Find X2 , Find X2 Pro တို့နဲ့ ကွာခြားမှု မရှိပါဘူး။ ရိုးရိုး မော်ဒယ်တွေမှာလိုပဲ 65W Fast Charging ပါလာပြီး တူညီတဲ့ 12GB RAM , 512GB Storage တွေ တပ်ဆင်ထားပါတယ်။

Oppo Find X2 Pro Lamborghini Edition အတွက် အထူးဖန်တီးထားတဲ့ ထုတ်ကုန်တွေ ထည့်သွင်းထားပါတယ်။ အလန်းစား Case ၊ True Wireless Earbuds နဲ့ Car Charger တွေ ဖြစ်ပြီး ရိုးရိုးမော်ဒယ်တွေမှာပါတဲ့ SuperVOOC 2.0 Charger နဲ့ USB Cable တွေလည်း ပါလာပါတယ်။ အဲဒီ ထုတ်ကုန်အားလုံးမှာ Lamborghini Brand ရေးထိုးထားပါတယ်။

Oppo Find X2 Pro Lamborghini Edition ရဲ့ အပြင်ပိုင်း ဒီဇိုင်းဟာ ထူးခြားပြီး Aventador ကားအတွင်းက ကာဘွန်ဖိုက်ဘာ Texture ကို သုံးထားပါတယ်။ ဒီဇိုင်းလန်းသလို ဈေးကလည်း မြောက်ပါတယ်။ Find X2 Pro ရဲ့ ၇,၀၀၀ ယွမ်ထက် ပိုများပြီး ၁၃,၀၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၅ သိန်းကျော်ပါတယ်။

Ref : gsmarena