မတ်လ ၁၀ ရက်နေ့မှာ Vivo V19 စမတ်ဖုန်းသစ်ကို အင်ဒိုဈေးကွက်အတွက် မိတ်ဆက်လာခဲ့ပါတယ်။ ဒါပေမယ့် Vivo Malaysia ရဲ့တွစ်တာမှာတော့ ဒီနာမည်ကို ဆက်မြင်နေခဲ့ရပြီး ရှေ့ဘက်မှာ ဆဲလ်ဖီကင်မရာတစ်လုံးအစား ကင်မရာနှစ်လုံးပါဝင်လာမယ့် ပုံနဲ့ Teaser ပိုစတာကို တင်ထားခဲ့တာပါ။
Change the way you see at night. It’s coming.#V19 pic.twitter.com/vLE718CZE3
— Vivo Malaysia (@vivo_malaysia) March 9, 2020
ဒါ့ကြောင့် အင်ဒိုမှာမိတ်ဆက်ခဲ့တဲ့ဖုန်းကိုပဲ ထပ်မိတ်ဆက်လာဖို့ အခွင့်အလမ်းကနည်းနေပြီး သူတို့တင်ထားတဲ့ ပိုစ့်အရ ဒီဖုန်းအသစ်မှာ Night Mode ကိုထူးခြားတဲ့ နည်းပညာသစ်နဲ့ ထည့်သွင်းပေးလာနိုင်ပါတယ်။ မလေးဈေးကွက်အတွက် V19 ဟန်းဆက်ဟာ သူ့ရဲ့ Dual-selfie ဒီဇိုင်းကြောင့် မျိုးဆက်ဟောင်း V17 ရိုးရိုးဗားရှင်းထက် Dual Pop-up ဆဲလ်ဖီပါဝင်ခဲ့တဲ့ Vivo V17 Pro ကို ဆင့်ပွားလာတာလို့ ယူဆစရာရှိပါတယ်။
Vivo ရဲ့ ယခုလုပ်ရပ်ဟာ သူ့ထုတ်ကုန်လိုင်းအပေါ်မှာ မှတ်ရတာ နည်းနည်းရှုပ်ထွေးသွားစေပေမယ့် အခုလို မှတ်လိုက်ရင်တော့ နည်းနည်းရှင်းသွားမယ်ထင်ပါတယ်။ မလေးရှားဈေးကွက်အတွက် Vivo V19 ဖုန်းဟာ အင်ဒိုမှာ မိတ်ဆက်ခဲ့တဲ့ Vivo V19 နဲ့ကွာခြားမှာပါ။ အင်ဒို V19 ဖုန်းက တကယ်တော့ အိန္ဒိယနိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ Vivo V17 နဲ့တူပြီး သူ့ရဲ့ L ပုံသဏ္ဍာန်ကင်မရာလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ရုရှားဈေးကွက်အတွက် Vivo V17 ဖုန်းဟာ ဆန်းပြားတဲ့ စိန်ကွက်သဏ္ဍာန်နောက်ဘက်ကင်မရာကြောင့် လူသိများပေမယ့် သူ့ကို ဖိလစ်ပိုင်အပါအဝင် နိုင်ငံအချို့မှာ Vivo S1 Pro နာမည်နဲ့မိတ်ဆက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာကျ ဒီဖုန်းကိုပဲ Vivo Y9s လို့ ခေါ်ပြန်ပါတယ်။ ဘာလို့လဲဆိုရင် ထိုစဉ်က တရုတ်နိုင်ငံအတွင်းမှာ Vivo V15 Pro ဖုန်းကို Vivo S1 Pro အမည်နဲ့ မိတ်ဆက်ထားပြီးသားမို့လို့ပါ။ Vivo အနေနဲ့ သူ့ရဲ့ဈေးကွက်အလိုက် အမည်ပေးပုံကို နည်းနည်းလေး ပိုကွဲပြားအောင် လုပ်ခဲ့ရင်တော့ မှတ်ရတာ ပိုလွယ်မယ်လို့ ယူဆရပါတယ်။
Ref – GSM Arena