တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှု မြင့်မားနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်က စခဲ့တဲ့ ဗိုင်းရက်စ်ဟာ အခုဆိုရင် တခြား နိုင်ငံများစွာကို ကူးစက်ရောက်ရှိနေပါပြီ။ လက်ရှိအချိန်အထိ တရုတ်မှာ ကူးစက်သူ ၁၂၅,၀၀၀ နဲ့ သေဆုံးသူ ၄,၅၀၀ ရှိသွားပါပြီ။ အနောက် ဥရောပ နိုင်ငံ ဖြစ်တဲ့ အီတလီမှာ ကူးစက်သူ ၁၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၀၀ ကျော် ရှိသွားပါပြီ။ အခုတော့ Apple က အီတလီက စတိုး ၁၇ ခုကို ပိတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
Apple က စတိုးတွေ ပိတ်လိုက်ပေမယ့် ဖောက်သည်တွေကို အွန်လိုင်းနဲ့ တယ်လီဖုန်းတွေကနေ ထောက်ပံ့ကူညီပေးမှာ ဖြစ်ပါတယ်။ ဗိုင်းရက်စ်ဟာ ဥရောပနဲ့ တခြား နိုင်ငံတွေကိုပါ ဆက်လက်ကူးစက်နေပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က COVID-19 ကို ကမ္ဘာ့အဝန်း လျှင်လျှင်မြန်မြန် ကူးစက်နေတဲ့ ကပ်ရောဂါအဖြစ် ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
အီတလီဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် Apple စတိုးတွေ ပိတ်လိုက်တဲ့ ဒုတိယမြောက် နိုင်ငံ ဖြစ်လာပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ လက တရုတ်က စတိုးအားလုံးကို ပိတ်ခဲ့ပါတယ်။ Apple အပြင် Google နဲ့ Microsoft အပါအဝင် နည်းပညာ ကုမ္ပဏီများစွာရဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ရုံးတွေကို တရုတ်မှာ ပိတ်ထားတဲ့အတွက် စမတ်ဖုန်း၊ တက်ဘလက်နဲ့ အီလက်ထရောနစ် ထုတ်ကုန် အသစ်တွေ ထွက်ရှိဖို့ နောက်ကျမှာ ဖြစ်ပါတယ်။
Ref : gizchina