ယခုလအစောပိုင်းတုန်းက Google ကနေ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ I/O Developer Conference ကို လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် Offline Event ကိုပြုလုပ်တော့မှာမဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအတွက် I/O 2020 ဟာ Online Only ဖြစ်လာနိုင်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Google ရဲ့ HQ ရှိတဲ့ California မှာ နေအိမ်အတွင်းမှာပဲ နေထိုင်ဖို့အမိန့်ထုတ်ထားပြီးဖြစ်တဲ့အတွက် Google အနေနဲ့ I/O Developer Conference ကို ယခုနှစ်မှာ Online Only တောင်မှ ပြုလုပ်နိုင်ဖို့မဖြစ်နိုင်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာတော့ Android 11 ရဲ့ Feature အသစ်တွေအပြင် Pixel 4a ကိုပါ မိတ်ဆက်လာနိုင်တဲ့ Google I/O 2020 Event က လုံးဝပျက်သွားပါပြီ။

Google ရဲ့ ပြောကြားချက်အရတော့ Google I/O မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Android နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို Developer Blog တွေနဲ့ Community Forum တွေကိုအသုံးချပြီး ပြန်လည်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Pixel 4a လိုမျိုး Hardware အသစ်တွေကို ဘယ်လိုမိတ်ဆက်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရစ်ကြောင့် ဒီလိုမျိုး Online Event တွေအထိပါ ဖျက်သိမ်းရတာကတော့ ဝမ်းနည်းစရာဖြစ်ပြီး အခုအတိုင်းဆက်သွားမယ်ဆိုရင် လာမယ့် ဇွန်လအစောပိုင်းမှာပြုလုပ်ဖို့စီစဥ်ထားတဲ့ Apple WWDC Online Event လည်း ဖျက်သိမ်းနိုင်ဖွယ်ရှိနေပါတယ်။

Ref – Android Authority