NFT တွေဟာ အခုနောက်ပိုင်းမှာ Digital Artist တွေအတွက် တကယ်ကို အကျိုးရှိတဲ့ Market တစ်ခုဖြစ်လာတယ်လို့တောင်ပြောနိုင်ပါတယ်။ အခုလည်း နာမည်အရင်း Abigail ၊ PeachSunday လို့ လူသိများတဲ့ ၁၄ နှစ်သားလူငယ်လေးတစ်ဦးဟာ Digital Art တွေကို NFT ကနေတစ်ဆင့်ရောင်းချပြီး ဒေါ်လာ ၄၃၅,၀၀၀ ဝန်းကျင်ရရှိသွားတယ်လို့ သိရပါတယ်။

PeachSunday ဟာ Solana-based NFT တွေကို အခမဲ့ Trade-in ပြုလုပ်၊ ဝယ်ယူနိုင်တဲ့ Alpha Art NFT Marketplace မှာ သူမရဲ့ Belugies လို့ နာမည်ပေးထားတဲ့ Digital Artတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ NFT Collection ဟာ အရေအတွက် ၈,၀၀၀ ကျော်ရှိနေပြီးတော့ အမြင့်ဆုံးအနေနဲ့ NFT တစ်ခုကို 300 SOL ၊ 299 SOL ၊ 125 SOL ၊ 100 SOL နဲ့ 75 SOL ဆိုပြီး ရောင်းချခဲ့ရတာဖြစ်ပါတယ်။ SOL Crypto Currency ဟာ 1 Unit ကို $156.51 ဝန်းကျင်ရှိတာကြောင့် PeachSunday ရဲ့ NFT တွေဟာ ကြေးအမြင့်နဲ့ ဝယ်ယူသွားကြတာဖြစ်ပါတယ်။

Abigail ရဲ့ ပြောကြားချက်အရတော့ သူမရဲ့ NFT Artwork အများစုဟာ တိရစ္ဆာန်တွေအပြင် ရေနေသတ္တဝါတွေကနေ Inspiration ရရှိတာဖြစ်ပြီး လက်ရှိအချိန်မှာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Beluga ဝေလငါးတွေကို အဓိကဆွဲထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး ဝယ်ယူသူတွေများပြားပြီး ဒေါ်လာ ၄ သိန်းကျော်အထိရရှိခဲ့တာဖြစ်နိုင်ပါတယ်။

Abigail ကတော့ ယခုရောင်းချငွေတွေရဲ့ အမြတ် ၁၀ ရာခိုင်နှုန်းကို Beluga ဝေလငါး ကာကွယ်စောင့်ရှောက်ရေးအသင်းတွေနဲ့ နောက်ထပ် ၁၀ ရာခိုင်နှုန်းကို Sunshine Kids Foundation ၊ ကလေးဆေးရုံတွေကို လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – The Street