အသက် ၄၀ အရွယ် ကင်ညာနိုင်ငံသား Nyakundi Kibiru ဆိုသူက သူဟာ Elon Musk ရဲ့ သားအကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ Elon Musk ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းတုန်းက Masai Mara ဒေသမှာ သူ့မိခင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး DNA စစ်ဆေးပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေသလို သံသယဖြစ်စရာတွေလည်း ရှိနေပါတယ်။ သုံးစွဲသူ အများစုကတော့ သူတင်ထားတဲ့ ဓာတ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံစံမျိုး ဖြစ်နေသလို မူရင်းအကောင့်မှာလည်း ဘာအတည်ပြုချက်မှ မရှိဘူးလို့ ထောက်ပြထားကြပါတယ်။
အဲဒီ ပြောဆိုချက်တွေမှာ ချက်ချင်းဆိုသလိုပဲ လွဲမှားနေတဲ့ အချက်အလက်တွေကို တွေ့ရပါတယ်။ အထူးသဖြင့် အသက်အရွယ် အပိုင်းအခြား ဖြစ်ပြီး၊ ဒီအမျိုးသား မွေးဖွားချိန်မှာ Elon Musk က အသက် ၁၄ နှစ်ပဲ ရှိဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံထဲမှာလည်း AI နဲ့ ပြုလုပ်ထားတဲ့ အပြစ်အနာအဆာတွေကို အထင်အရှား တွေ့မြင်နေရပါတယ်။
အဲဒီ ပုံတွေဟာ ၂၀၂၄ ခုနှစ်တုန်းက ရုရှားဝက်ဘ်ဆိုက်တွေမှာ ပျံ့နှံ့ခဲ့ဖူးတဲ့ ပုံတွေ ဖြစ်နေပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာဟောင်းတွေကို ပြန်လည်အသုံးပြုပြီး သတင်းမှား ဖြန့်ဝေနေတာတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
Ref: Fossbytes