ကနေဒါနိုင်ငံသား လေယာဉ်ပညာရှင်တစ်ယောက်က ရှေးကျတဲ့ VW ဗင်ကားတစ်စီးကို ရဟတ်ယာဉ်ပုံစံဖြစ်အောင် အပျော်သဘောနဲ့ ဖန်တီးလိုက်ပါတယ်။

This VW Helicopter Has Airbus Ambitions But No Flight Clearance | Carscoops

လေယာဉ်ပြုပြင်ထိန်းသိမ်းရေးမှာ နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံရှိတဲ့ ချပ်ခ် ယာဂန် တက်ရှ်ကီ (Chuck Jurgen Teschke) ဆိုသူဟာ Volkswagen T1 ဘတ်စ်ကားတစ်စီးနဲ့ Airbus H125 ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး ဘယ်သူနဲ့မှမတူတဲ့ ရဟတ်ယာဉ် သို့မဟုတ် ကားတစ်စီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

This VW Helicopter Has Airbus Ambitions But No Flight Clearance | Carscoops

ဒီကားဟာ တကယ်မပျံသန်းနိုင်ပေမယ့် သူ့ရဲ့ပုံစံက ရဟတ်ယာဉ်အစစ်တစ်စီးလိုပါပဲ။ တက်ရှ်ကီဟာ အသုံးမပြုတော့တဲ့ H125 ရဟတ်ယာဉ်ကိုယ်ထည်ကို ဗင်ကားရဲ့ ကိုယ်ထည်နဲ့ ကျကျနန ပေါင်းစပ်ခဲ့ပြီး အရွယ်အစားကြီးတဲ့ ရှေ့မီးကြီးတွေ၊ အမိုးပေါ်က ပြတင်းပေါက်တွေလို အသွင်အပြင်တွေကို ထပ်ထည့်ပြီး ရဟတ်ယာဉ်ပုံစံကို ပြည့်စုံစေခဲ့ပါတယ်။

ဘေးကင်းလုံခြုံရေးနဲ့ ဥပဒေရေးရာ အကြောင်းပြချက်တွေကြောင့် ဒီကားကို ပျံသန်းနိုင်အောင် တည်ဆောက်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေပြီး လေကြောင်းပြပွဲတစ်ခုမှာ ထားရှိသင့်တဲ့ “အနုပညာလက်ရာတစ်ခု” လို့ ပြောဆိုနေကြပါတယ်။

Ref : Tech Explorers