တရုတ် အိမ်သုံးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Midea က စက်ရုံလုပ်ငန်းခွင်သုံး လက် ၆ ချောင်းပါ “super humanoid” စက်ရုပ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။

 

MIRO U လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ကို Midea Group က တီထွင်ဖန်တီးထားတာဖြစ်ပြီး Greater Bay Area New Economy Forum မှာ ထုတ်ဖော်ပြသခဲ့တာပါ။ လူသားလုပ်သားတွေနဲ့ အမြင့်တူတူ အလုပ်လုပ်နိုင်အောင်လို့ စက်ရုပ်ရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို လူပုံစံအတိုင်း တည်ဆောက်ထားပါတယ်။

Midea Miro U announced, first ever single-arm four-wheel robot » YugaTech | Philippines Tech News & Reviews

MIRO U မှာ အလုပ် ၃ ခုကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်တဲ့ bionic လက်တံ ၆ ချောင်း ပါဝင်ပါတယ်။ အောက်ဘက် လက်တံတွေက အလေးအပင် မတင်တဲ့အလုပ်ကို လုပ်ဆောင်ပြီး အပေါ်ဘက် လက်တံတွေကတော့ တိကျသေချာမှု လိုအပ်တဲ့ တပ်ဆင်ရေးလုပ်ငန်းတွေကို အာရုံစိုက် လုပ်ဆောင်ပါတယ်။ စက်ရုပ်လက်တံတွေမှာ တပ်ဆင်မယ့် ကိရိယာတွေကိုလည်း စက္ကန့်ပိုင်းအတွင်း လဲလှယ်နိုင်ပါတယ်။

ဘီးတပ် အောက်ခံခုံနဲ့ ရွေ့လျားနိုင်တဲ့ ဒီစက်ရုပ်ဟာ ဒေါင်လိုက် မတင်နိုင်သလို နေရာမှာတင် ၃၆၀ ဒီဂရီ လှည့်နိုင်တာကြောင့် တခြားစက်ပစ္စည်းတွေကို ရွှေ့ပြောင်းစရာမလိုဘဲ အလုပ်ခွင် တစ်ခုနဲ့တစ်ခုကြား ကူးပြောင်းလုပ်ကိုင်နိုင်ပါတယ်။

Midea အနေနဲ့ MIRO U စက်ရုပ်ကို China, Wuxi မှာရှိတဲ့ သူတို့ရဲ့ အဆင့်မြင့် အဝတ်လျှော်စက် စက်ရုံမှာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက် စမ်းသပ်အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဒီစက်ရုပ်ကြောင့် ထုတ်လုပ်မှုလိုင်းရဲ့ စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

Ref: Technology Innovation