တရုတ်နိုင်ငံ၊ Shenzhen Dobot ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားတဲ့ Atom အမည်ရှိ လူသားပုံစံစက်ရုပ် (humanoid robot) တစ်ရုပ်ဟာ ကီလိုမီတာ ၁၈၀၀ အကွာအဝေးမှ virtual reality (VR) နည်းပညာကို အသုံးပြုပြီး စတိတ် (steak) တစ်ခုကို အောင်မြင်စွာ ပြုလုပ်ပြသနိုင်ခဲ့ပါတယ်။

Chinese robot maker Dobot's humanoid cooks steak from 1,800km away using VR | South China Morning Post

ကုမ္ပဏီက မျှဝေခဲ့တဲ့ ဗီဒီယိုထဲမှာ ဂွမ်ဒေါင်း (Guangdong) ပြည်နယ်က အင်ဂျင်နီယာတစ်ဦးဟာ VR နားကြပ်ကို တပ်ဆင်ပြီး ရှန်ဒေါင်း (Shandong) ပြည်နယ်မှာရှိတဲ့ Atom စက်ရုပ်ကို အဝေးကနေ ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီစက်ရုပ်ဟာ အင်ဂျင်နီယာရဲ့ လက်လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ (real time) လိုက်လံလုပ်ဆောင်ခဲ့ပြီး ဆီလောင်းထည့်ခြင်း၊ စတိတ်ကိုလှန်ခြင်း၊ ဆားဖြူးခြင်းတို့လို သေသပ်ဖို့လိုအပ်တဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Chinese humanoid robot cooks steak via VR from 1,800 km away

Atom စက်ရုပ်ဟာ ၀.၀၅ မီလီမီတာအထိ တိကျစွာ ထိန်းချုပ်နိုင်ပြီး လူသားတွေလို လက်ချောင်းငါးချောင်းပါတဲ့ လက်တွေကြောင့် လူ့လက်ရဲ့ လှုပ်ရှားမှုပုံစံတွေကို အတိအကျတုပနိုင်စွမ်းရှိပါတယ်။ လက်ရှိမှာတော့ စက်ရုပ်ရဲ့ အပေါ်ပိုင်းကိုသာ VR နဲ့ ထိန်းချုပ်နိုင်သေးပေမဲ့ လူသားတွေလို လမ်းလျှောက်နိုင်အောင်လည်း ဒီဇိုင်းပြုလုပ်ထားပါတယ်။

ယွမ် ၁၉၉,၀၀၀ (အမေရိကန်ဒေါ်လာ ၂၇,၅၀၀ ခန့်) တန်ဖိုးရှိတဲ့ Atom စက်ရုပ်ဟာ သူရဲ့စမတ်ကျတဲ့လက်တွေကိုသုံးပြီး နေ့စဉ်လုပ်ငန်းဆောင်တာအမျိုးမျိုးကို လုပ်ဆောင်နိုင်ပါတယ်။

အနာဂတ်မှာ ဒီစက်ရုပ်ဟာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ ကူညီလုပ်ဆောင်ပေးတာ ဒါမှမဟုတ် အဝေးထိန်းစနစ်နဲ့ AI နည်းပညာကိုသုံးပြီး လူတွေရဲ့ နေ့စဉ်ဘဝမှာ အထောက်အကူပေးတာတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref: Technology Innovation