တရုတ် ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ ကျန်းရွှီ (Dr. Zhang Xu) ဟာ အီတလီနိုင်ငံ၊ ရောမမြို့ကနေ ကီလိုမီတာ ၈,၀၀၀ အကွာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာရှိတဲ့ ကင်ဆာလူနာတစ်ဦးကို 5G နည်းပညာသုံး စက်ရုပ်ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီခွဲစိတ်မှုကို ကမ္ဘာလုံးဆိုင်ရာ ဆေးပညာညီလာခံတစ်ခုမှာ တိုက်ရိုက်ပြုလုပ်ပြသခဲ့တာဖြစ်ပြီး ကမ္ဘာ့ပထမဆုံးအကြိမ် အဝေးထိန်းစနစ်ဖြင့် တိုက်ကြီးတစ်တိုက်ခြားပြီး ခွဲစိတ်ကုသနိုင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။
အဓိကကျတဲ့ နည်းပညာပိုင်းမှာတော့ 5G နက်ဝေါ့ခ်ရဲ့ အလွန်မြန်ဆန်တဲ့ ဆက်သွယ်မှုစွမ်းအားကို အသုံးချထားတာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ လှုပ်ရှားမှုနဲ့ စက်ရုပ်ရဲ့ တုံ့ပြန်မှုကြား ကြန့်ကြာချိန် (Delay) ဟာ 135 milliseconds (မီလီစက္ကန့်) သာရှိပြီး လူသားတစ်ယောက် မျက်တောင်တစ်ခတ်စာထက် ပိုမိုမြန်ဆန်တာကြောင့် ခွဲစိတ်မှုကို တိကျစွာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုဟာ အနာဂတ်မှာ အထူးကုဆရာဝန်ကြီးတွေဟာ ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ၊ အကူအညီလိုအပ်နေတဲ့ လူနာတွေကို ပထဝီအနေအထား အကန့်အသတ်မရှိဘဲ ခွဲစိတ်ကုသမှုတွေ ပေးနိုင်တော့မှာဖြစ်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Tech Explorers