အသက် ၇၆ နှစ်အရွယ် ဖွားဖွားဟာ Fornite ဂိမ်းကို ကစားတဲ့ အသက်အကြီးဆုံး လူသား ဖြစ်လာပါတယ်။ သူမဟာ Twitch မှာ Follower ၂၀,၀၀၀ နီးပါး ရထားပါတယ်။ သူမရဲ့ အမည်က Cath Bowie ဖြစ်ပြီး စကော့တလန်မှ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က သူမရဲ့ အသက် ၂၄ နှစ်အရွယ် မြေး ဖြစ်သူ Lewis က သူမကို အဲဒီ ဂိမ်းကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

76-year-old gamer grandma says playing Fortnite was 'love at first sight' |  Irish Independent

သူမက မြင်မြင်ချင်း အဲဒီ ဂိမ်းကို စွဲလမ်းသွားတာလို့ ပြောပါတယ်။ သူမဟာ အရင်က Mario Kart , Fifa နဲ့ Minecraft တို့လို နာမည်ကြီး ဂိမ်းတွေကိုလည်း ကစားခဲ့ပါတယ်။

သူမဟာ Grumpygran1948 အမည်နဲ့ Fornite မှာ ကစားနေပြီး ကြည့်ရှုသူ ထောင်ပေါင်းများစွာကို သူမရဲ့ ဂိမ်းအတွေ့အကြုံတွေကို ပြောပြနေသူ ဖြစ်ပါတယ်။

သူမက “ ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူ့ဘာသာသူ စွဲလမ်းသွားတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူမဟာ အစပိုင်းမှာ သူ့ မြေး အကောင့်နဲ့ Fornite ကို ကစားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းကျမှ ကိုယ်ပိုင် PS4 ဂိမ်းစက်ဝယ်ယူခဲ့ကာ သူမ ကိုယ်ပိုင် အကောင့်နဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။

သူမက “ သင့် အသက်ကို မေ့ထားပြီး ပျော်ရွှင်စွာ ကစားပါ။ ကျွန်မ ပျော်ရွှင်နေတာကို လေ့လာကြည့်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : thesun