အချစ်အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အမျိုးသားတွေ တကယ် ရှိနေပါတယ်။ တူရကီက အမျိုးသား ၁ ယောက်ဟာ ဒေါ်လာ ၃၀,၀၀၀ တန်ကြေးရှိ iPhone ၃၃ လုံးကို စတိုးကို မပို့ဘဲ ခိုးယူခဲ့ပြီး အဲဒီ ငွေတွေနဲ့ ချစ်သူကို ကား ၁ စီး ဝယ်ပေးခဲ့ပါတယ်။

iPhone - Apple

တူရကီ နိုင်ငံ Adana မြို့မှာ Azim G ဆိုသူဟာ ကုန်ပစ္စည်း ပို့ဆောင်တဲ့ ကုမ္ပဏီ ၁ ခုက ဝန်ထမ်း ဖြစ်ပါတယ်။ သူဟာ iPhone ၃၃ လုံးကို ဈေးဝယ်စင်တာ ၁ ခုက စတိုး ၁ ခုကို ပို့ဆောင်ပေးဖို့ တာဝန်ကျလာပါတယ်။ ဒါပေမယ့် သူဟာ အဲဒီဖုန်းတွေကို ခိုးယူခဲ့ပါတယ်။

တူရကီဟာ အခွန်ကြောင့် iPhone ရောင်းချတဲ့ ဈေးတွေက ကမ္ဘာမှာ အများဆုံး အဖြစ် နာမည်ကြီးပါတယ်။ Azim G ဟာ ခိုးထားတဲ့ iPhone တွေကို မြန်မြန် ရောင်းချပြီး ချစ်သူ ကောင်မလေးအတွက် ကား ၁ စီး ဝယ်ပေးခဲ့ပါတယ်။

Go Inside the Apple iPhone 15 and iPhone 15 Pro: See How the New iPhones Look and Work - CNET

ဒါပေမယ့် ချစ်သူ ၂ ယောက်ဟာ ကြာကြာ မပျော်နိုင်ခဲ့ပါဘူး။ စတိုးက iPhone တွေ ပျောက်နေတာကို သိရှိသွားပြီး လုံခြုံရေး ကင်မရာတွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာပဲ Azim G ခိုးယူသွားတယ်ဆိုတာ သိခဲ့ရပါတယ်။

အဲဒီနောက်မှာ ရဲတွေက နေအိမ်မှာပဲ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ သူက ဖုန်းတွေ ခိုးယူတာကို ဝန်ခံခဲ့ပြီး သူ့ချစ်သူ ကောင်မလေးက ခိုးထားတဲ့ ဖုန်းတွေနဲ့ ကားဝယ်တာကို မသိဘူးလို့ ပြောပါတယ်။

Ref : gizmochina