တရုတ်နိုင်ငံ၊ Shaanxi မှာ စမ်းသပ်နေတဲ့ နည်းပညာသစ်တစ်ခုကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါကတော့ လျှပ်စစ်ကား (EV) တွေကို သူ့ဘာသာ လိုက်ပြီး အားသွင်းပေးမယ့် “ရွေ့လျား စက်ရုပ်” တစ်ရုပ်ပါပဲ။

ဒီစက်ရုပ်ဟာ EV တွေအတွက် ခြေထောက်တပ်ထားတဲ့ “ရွေ့လျား Power Bank” အကြီးကြီး တစ်လုံးနဲ့ တူပါတယ်။ သူ့မှာ ဝင်ရိုး ၆ ချောင်းပါတဲ့ စက်ရုပ်လက်တံ၊ (လူလို) မြင်နိုင်တဲ့ visual recognition စနစ်နဲ့ ဇီဝဉာဏ်ရည်တု (bionic intelligence) တွေ တပ်ဆင်ထားပါတယ်။

သူဘယ်လို အလုပ်လုပ်လဲဆိုတော့၊ စက်ရုပ်က ကားတစ်စီးဆီကို သူ့ဘာသာ ရွေ့လျားသွားပါတယ်၊ ကားရဲ့ အားသွင်းပေါက် ဘယ်နားမှာ ရှိလဲဆိုတာကို အတိအကျ ရှာဖွေပြီး၊ သူ့ရဲ့ လက်တံနဲ့ အလိုအလျောက် ချိတ်ဆက် အားသွင်းပေးပါတယ်။ အားအပြည့် သွင်းပြီးတာနဲ့၊ အဲဒီလက်တံက သူ့ဘာသာသူ ပြန်ပြီး ဖြုတ်သွားတာပါ။
ဒီနည်းပညာသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ရင်၊ EV မောင်းသူတွေအတွက် “ဘက်ထရီ ဘယ်တော့ကုန်မလဲ” ဆိုတဲ့ စိုးရိမ်စိတ် (range anxiety) ကို အကြီးအကျယ် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်၊ အထူးသဖြင့် အားသွင်းစခန်း ရှားပါးတဲ့ နေရာတွေမှာ အသုံးတည့်မှာပါ။
ကမ္ဘာတစ်ဝှမ်းက သုတေသီတွေဟာ EV အားသွင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို အလိုအလျောက် ဖြစ်လာအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကားထုတ်လုပ်သူ တစ်ခုနဲ့တစ်ခု ဒီဇိုင်းမတူညီတဲ့ အားသွင်းပေါက်တွေနဲ့ ကိုက်ညီအောင် တိကျပြီး လိုက်လျောညီထွေရှိတဲ့ စက်ရုပ်တွေ တီထွင်ရတာကတော့ တော်တော်လေး “ခက်ခဲတဲ့ အလုပ်” တစ်ခုအဖြစ် ရှိနေတုန်းပါပဲ။
Ref : Technology Innovation