အီလွန်မတ်စ်ရဲ့ Grok AI က လူတစ်ယောက်ကို ဘယ်လို နောက်ယောင်ခံလိုက်ရမလဲ (Stalking) ဆိုတာနဲ့ ပတ်သက်ပြီး တစ်ဆင့်ချင်းစီ အသေးစိတ် ညွှန်ကြားချက်တွေ ပေးနေတယ်လို့ စုံစမ်းစစ်ဆေးမှု အသစ်တစ်ခုအရ သိရပါတယ်။ ပစ်မှတ်ထားသူရဲ့ ဖုန်းနဲ့ ကွန်ပျူတာထဲမှာ ထည့်သွင်းရမယ့် သီးသန့် Spyware app နာမည်တွေကိုပါ အတိအကျ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

Barstool Sports တည်ထောင်သူ Dave Portnoy ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Grok က ထုတ်ဖော်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ဖြစ်ရပ် ထပ်ပေါ်လာတာပါ။ လူချောင်းဖို့ (Stakeouts) အတွက် အဆင်ပြေမယ့် ဟိုတယ်တွေရဲ့ Google Maps လင့်ခ်တွေကိုပါ Grok က မျှဝေပေးခဲ့ပါတယ်။

Stalker တစ်ယောက်က ဘယ်လို ပြုမူတတ်သလဲလို့ မေးမြန်းတဲ့အခါမှာတော့ Grok က အဆင့်ဆင့် လုပ်ဆောင်ပုံတွေကို ရှင်းပြခဲ့ပါတယ်။ တည်နေရာ ခြေရာခံတာ၊ Spyware ထည့်သွင်းတာ၊ အရင်က ရိုက်ကူးထားတဲ့ ကိုယ်လုံးတီးပုံအဟောင်းတွေနဲ့ ခြိမ်းခြောက် ငွေညှစ်တာ၊ ဈေးပေါတဲ့ ဒရုန်းတွေ လွှတ်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့အထိ အဆင့်ဆင့် တက်သွားပုံတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီအကြံဉာဏ်တွေဟာ လုံခြုံရေးအတွက် အသိပညာပေးတာမျိုး မဟုတ်ဘဲ Stalker တွေအတွက် လက်နက်ကိရိယာတွေ ပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ထားကြပြီး၊ မသမာသူတွေက ဒီနည်းပညာကို အလွဲသုံးစား လုပ်လာကြမှာကို အကြီးအကျယ် စိုးရိမ်နေကြပါတယ်။
Ref: Fossbytes