NIVEA နဲ့ Eucerin ကို ထုတ်လုပ်တဲ့ Beiersdorf AG ရဲ့ လေ့လာမှုအသစ်တစ်ခုအရ လူငယ်တွေရဲ့သွေးကို ရိုးတွင်းခြင်ဆီဆဲလ်တွေနဲ့ ပေါင်းစပ်လိုက်ရင် အိုမင်းရင့်ရော်နေတဲ့ အသားအရေကို ပြန်လည်နုပျိုလာအောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

Best Anti Aging Stem Cell Treatment for Face – Cost, Types and New Method

လူ့အသားအရေနဲ့ ရိုးတွင်းခြင်ဆီပုံစံငယ်တွေပါဝင်တဲ့ 3D organ-on-a-chip စနစ်ကို အသုံးပြုပြီး သုတေသီတွေက အသက် ၃၀ အောက် လူငယ်အလှူရှင်တွေနဲ့ အသက် ၆၀ ကျော် သက်ကြီးပိုင်းအလှူရှင်တွေဆီက သွေးရည်ကြည်တွေကို စမ်းသပ်ခဲ့ကြပါတယ်။ သူတို့တွေ့ရှိခဲ့တာကတော့ လူငယ်တွေရဲ့ သွေးရည်ကြည်တစ်ခုတည်းက ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိခဲ့တာပဲ ဖြစ်ပါတယ်။

Anti-Aging - Browse by Skin Concern

ဒါပေမဲ့ ရိုးတွင်းခြင်ဆီဆဲလ်တွေနဲ့ တွဲစပ်လိုက်တဲ့အခါမှာတော့ ပရိုတင်း ၅၅ မျိုးကို ထွက်ပေါ်စေခဲ့ပြီး အဲဒီထဲက ခုနစ်မျိုးက ဆဲလ်ကြီးထွားမှုကို အားကောင်းစေကာ ဇီဝကမ္မဆိုင်ရာအသက်ကို လျော့ကျစေပြီး မိုက်တိုခွန်ဒရီယာရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေခဲ့ပါတယ်။

အဲဒီလေ့လာမှုက လူငယ်တွေရဲ့သွေးမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အာနိသင်တွေရှိတယ်ဆိုတဲ့ တိရစ္ဆာန်တွေနဲ့ အရင်ပြုလုပ်ခဲ့တဲ့ တွေ့ရှိချက်တွေကို အတည်ပြုပေးလိုက်တာ ဖြစ်ပေမဲ့ လူ့အသားအရေပုံစံငယ်မှာ ပြသနိုင်ခဲ့တာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီသုတေသနကို ဓာတ်ခွဲခန်းထဲမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး လူတွေနဲ့ တိုက်ရိုက်စမ်းသပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ရလဒ်တွေက ကနဦးအဆင့်မှာပဲ ရှိနေသေးပြီး တကယ့်ကုသမှုတွေအဖြစ် ပြောင်းလဲလာနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

Ref : Technology Innovation