Flinders တက္ကသိုလ်က ပရော်ဖက်ဆာ Corey Bradshaw ဦးဆောင်တဲ့ လေ့လာမှုအသစ်အရ လက်ရှိကမ္ဘာ့လူဦးရေဟာ ကမ္ဘာကြီးက ရေရှည်တောင့်ခံနိုင်တဲ့ ပမာဏထက် ကျော်လွန်နေပြီလို့ သတိပေးထားပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ လူဦးရေ ၈.၃ ဘီလီယံလောက် ရှိနေပေမယ့် အစားအစာ၊ ရေ၊ စွမ်းအင်နဲ့ ဂေဟစနစ် အကန့်အသတ်တွေကို တွက်ချက်ကြည့်ရင် ရေရှည်အတွက် အန္တရာယ်ကင်းတဲ့ လူဦးရေပမာဏဟာ ၂.၅ ဘီလီယံဝန်းကျင်ပဲ ရှိသင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Global human population pushing Earth past breaking point – News

အခုလို လူဦးရေအမြောက်အမြားကို လက်ခံထားနိုင်တာဟာ ရုပ်ကြွင်းလောင်စာတွေရဲ့ အကူအညီနဲ့ အစားအစာထုတ်လုပ်မှုနဲ့ စွမ်းအင်ထောက်ပံ့မှုကို ယာယီမြှင့်တင်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ရာသီဥတုဖောက်ပြန်တာ၊ သယံဇာတ ပြုန်းတီးတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာတွေကို ရင်းနှီးလိုက်ရပါတယ်။ လက်ရှိအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂၀၆၀ ဒါမှမဟုတ် ၂၀၇၀ ခုနှစ်တွေမှာ ကမ္ဘာ့လူဦးရေဟာ ၁၂.၄ ဘီလီယံလောက်အထိ အမြင့်ဆုံး ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

A 'ghastly future' unless extraordinary action is taken soon on  sustainability | UCLA

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့သယံဇာတ စနစ်တွေဟာ အခုကတည်းက ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီလို့ သတိပေးထားပါတယ်။ ဒါကြောင့် ရေရှည်မှာ ဂေဟစနစ်တွေ ပျက်စီးမသွားအောင် စွမ်းအင်အသုံးပြုမှု၊ မြေယာစီမံခန့်ခွဲမှုနဲ့ စားသုံးမှုပုံစံတွေကို အရေးပေါ် ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ဂေဟစနစ်ဆိုင်ရာ အကျပ်အတည်းတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref : Technology Innovation