OnePlus ရဲ့ ယခင်တုန်းက Co-founder အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ Carl Pei ဟာ အခုအချိန်မှာ ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ Nothing ကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ Nothing ကုမ္ပဏီဟာ လောလောဆယ်မှာ ကိုယ်ပိုင် Earbuds အပြင် စျေးကွက်ထဲက တခြားသောစမတ်ဖုန်းတွေကနေ Design ကွဲထွက်နေတဲ့ Nothing Phone (1) စမတ်ဖုန်းကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

အခုလိုမျိုး Nothing ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ မိတ်ဆက်လိုက်တဲ့ Nothing Phone (1) ဟာ စျေးနှုန်းအနေနဲ့ €399 ကနေ စတင်တာကြောင့် Mid Range ဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း တခြားသော Google Pixel 6A ၊ Samsung Galaxy A53 5G လိုမျိုး ဖုန်းတွေနဲ့ စျေးကွက်အတွင်းမှာ ပြိုင်ဆိုင်နေရတာဖြစ်ပါတယ်။

နောက်ဆုံးထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရ Nothing ကနေ နောက်ထပ် စမတ်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီးတော့ အခုမိတ်ဆက်မယ့် Nothing ဖုန်းအသစ်ဟာ လက်ရှိ Nothing Phone (1) ထက်တောင် စျေးသက်သာဦးမယ်လို့ သိရပါတယ်။ နာမည်ကိုတော့ အတိအကျမသိရသေးပေမယ့် Leakster တွေရဲ့ ပြောကြားချက်အရတော့ Nothing Phone (1) Lite အနေနဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Nothing Phone (1) Lite ဟာ လက်ရှိ Nothing Phone (1) မှာပါဝင်တဲ့ နောက်ကျောဘက်က LED Glyph Interface ပါဝင်မှာမဟုတ်တော့ဘဲ သာမန် Glass Back ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Wireless Charging ကိုလည်း Support ပြုလုပ်မှာမဟုတ်တော့ဘဲ ပုံမှန် 33W Fast Charging ကိုပဲ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တခြားသော အချက်အလက်တွေကိုတော့ အတိအကျသိရခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Nothing Phone (1) ကို လူစိတ်ဝင်စားမှုရရှိစေခဲ့တဲ့ LED Glyph Interface မပါဝင်တဲ့ Nothing Phone (1) Lite ဟာ တကယ်ထွက်ရှိလာမယ်ဆိုရင် အောင်မြင်မှုရရှိနိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena