အလွန်မိုက်တဲ့ စက်ရုပ် အရိုးတုစနစ် (exoskeletons) ကြောင့် လူသိများတဲ့ ပဲရစ်အခြေစိုက် Wandercraft ကုမ္ပဏီက သူတို့ရဲ့ လူပုံစံစက်ရုပ်အသစ်ကို ချပြလိုက်ပါတယ်။ Calvin-40 လို့ အမည်ပေးထားတဲ့ ဒီစက်ရုပ်ကို ရက်ပေါင်း ၄၀ တည်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လူတူစက်ရုပ် ဆိုပေမယ့် ထူးခြားတာက ဦးခေါင်း မပါလာပါဘူး။

Wandercraft unveils Calvin, new industrial humanoid, and Renault  partnership - The Robot Report

Calvin ဟာ သူ့ဘာသာသူ ဟန်ချက်ထိန်းနိုင်ပြီး အသံနဲ့ ထိန်းချုပ်လို့ရတဲ့ စက်ရုပ်တစ်ရုပ်ပါ။ လူတွေအတွက် ကာယအားစိုက်ထုတ်ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ စက်မှုလုပ်ငန်းခွင် အလုပ်တွေကို လုပ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Renault  ကားကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။

Headless humanoid robot built in 40 days to work in Renault factory

Calvin ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ စက်ရုံအလုပ်သမားတွေရဲ့ လုပ်အားကို လျှော့ချပေးပြီး ထုတ်လုပ်မှုကို ပိုမြန်ဆန်လာအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။

ဘက်ထရီ သက်တမ်း ဒါမှမဟုတ် အမြန်နှုန်းလိုမျိုး တိကျတဲ့အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် Calvin ဟာ လူအရွယ်အစားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ သူ့ရဲ့လက်တွေကို လုပ်ဆောင်ရမယ့်အလုပ်ပေါ်မူတည်ပြီး စုပ်ခွက်တွေ ဒါမှမဟုတ် ဖမ်းဆုပ်ကိရိယာတွေလိုမျိုး တခြားကိရိယာတွေနဲ့ လဲလှယ်တပ်ဆင်နိုင်ပါတယ်။

Ref : Technology Innovation