စမတ်နာရီနဲ့ Fitness Tracker တွေမှာ လူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ စွမ်းရည်တွေ ထည့်သွင်းပေးကြပါတယ်။ ဒါပေမယ့်လည်း လူတွေကို အန္တရာယ်ရှိစေတဲ့ အရာတွေလည်း ပါဝင်နေပါတယ်။
Environment Science & Technology Letters ရဲ့ မကြာခင်က သုတေသနစစ်တမ်းအရ စမတ်နာရီနဲ့ Fitness Tracker များစွာမှာ လူတွေအတွက် အန္တရာယ်ရှိတဲ့ Perfluotohexanoic Acid (PFHxA) ဓါတုဗေဒ ပစ္စည်း ပါဝင်မှု မြင့်မားနေတယ်လို့ သိရပါတယ်။
Notre Dame တက္ကသိုလ်မှ သုတေသနပညာရှင်တွေက နာရီ လက်ပတ်ကြိုး ၂၂ ခုကို စစ်ဆေးကြည့်တဲ့အခါ Fluroelastomers နဲ့ ပြုလုပ်ထားတဲ့ လက်ပတ်တွေမှာ PFHxA ကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တန်ဖိုးကြီး မော်ဒယ်တွေမှာ အဓိက တွေ့ခဲ့ရပါတယ်။
အဲဒီ လက်ပတ်ကြိုးတွေကို နေ့စဉ် ၁၁ နာရီကျော် ဝတ်ဆင်တဲ့အခါမှာ အဲဒီ ဓါတုဗေဒ ပစ္စည်းနဲ့ အရေပြား ထိတွေ့မှု မြင့်မားတဲ့အတွက် ကျန်းမာရေးအတွက် အန္တရာယ် ရှိစေပါတယ်။
Ref : Tech Explorers