Accenture မှ မကြာခင်က စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကား ဝယ်လိုအားဟာ လျှင်မြန်စွာ တိုးတက်လာပြီး အမေရိကန် ယာဉ်မောင်း ၅၄ ရာခိုင်နှုန်းဟာ နောက် ၁၀ နှစ်အတွင်း လျှပ်စစ်ကား ဝယ်ယူဖို့ ရည်မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ယာဉ်မောင်း ၅၇ ရာခိုင်နှုန်းဟာ ၂၀၃၄ ခုနှစ်အရောက်မှာ လျှပ်စစ်ကား ဝယ်ယူဖို့ စီစဉ်ထားပြီး တရုတ်မှာလည်း လျှပ်စစ်ကား ဝယ်ယူမှုနှုန်းဟာ မြင့်မားနေပါတယ်။
ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ အမေရိကန်မှာလည်း လျှပ်စစ်ကား ရောင်းအား သိသိသာသာမြင့်မားနေပါတယ်။ စစ်တမ်းအရ ခေတ်ပေါ် လျှပ်စစ်ကား ဝယ်ယူသူတွေဟာ စွမ်းရည်မြင့်မားမှု၊ ဘေးကင်းမှုနဲ့ ဈေးနှုန်းသက်သာမှုကို ဦးစားပေးကြတယ်လို့ သိရပါတယ်။
အားသွင်းစက် အခြေခံ အဆောက်အဦးနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး ဟာလည်း အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးမှ ယာဉ်မောင်း ၇၀ ရာခိုင်နှုန်းဟာ လွယ်ကူစွာ အားသွင်းနိုင်မှုကို လိုချင်ကြပါတယ်။ စစ်တမ်းအရ ကားထုတ်လုပ်သူတွေဟာ မိုင် ၃၀၀ ကျော်မောင်းနှင်နိုင်တဲ့ တန်ဖိုးနည်း ကနေ တန်ဖိုးကြီး လျှပ်စစ်ကား မော်ဒယ်များစွာကို ရောင်းချပေးပြီး စွဲဆောင်နေကြတယ်လို့ သိရပါတယ်။ လျှပ်စစ်ကား ပြောင်းစီးတာဟာ လာမယ့် ၁၀ စုနှစ်အတွင်းမှာ ကားလောကကို ပုံစံပြောင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။
Ref : Tech Explorers