Forbes က ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယမ်နာ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နံပါတ် ၁ နေရာကို LVMH ရဲ့ CEO Bernard Arnault က သိမ်းပိုက်ထားပြီး နံပါတ် ၂ နေရာနဲ့ ၃ နေရာကို Elon Musk နဲ့ Jeff Bezos တို့က ရရှိထားပါတယ်။ နံပါတ် ၄ နေရာကို Facebook ရဲ့ ပဲ့ကိုင်ရှင် ဇူဇူက သိမ်းပိုက်ထားပါတယ်။

What Makes Taylor Swift the Pop Icon She Is? | BU Today | Boston University

ထူးခြားတာက Taylor Swift ဟာ ဒီနှစ်မှာ စာရင်းထဲ ပထမဆုံး အကြိမ် ပါဝင်လာခဲ့တာပါ။ Forbes က သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၁ ဘီလီယမ်ရှိတယ်လို့ ဖော်ပြထားပြီး စာရင်းမှာ နံပါတ် ၂,၅၄၅ နေရာကို ရထားပါတယ်။

Who Is Elon Musk?

Forbes ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး ၁၀ ယောက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

၁။ Bernard Arnault ( ၂၃၃ ဘီလီယမ်)

၂။ Elon Musk (၁၉၅ ဘီလီယမ်)

၃။ Jeff Bezos (၁၉၄ ဘီလီယမ်)

၄။ Mark Zuckerberg ( ၁၇၇ ဘီလီယမ်)

၅။ Larry Ellison (၁၄၁ ဘီလီယမ်)

၆။ Warren Buffett (၁၃၃ ဘီလီယမ်)

၇။ Bill Gates (၁၂၈ ဘီလီယမ်)

၈။ Steve Ballmer (၁၂၁ ဘီလီယမ်)

၉။ Mukesh Ambani (၁၁၆ ဘီလီယမ်)

၁၀။ Larry Page (၁၁၄ ဘီလီယမ်)

 

Ref : forbes