Huawei က မကြာခင်ကပဲ FreeBuds Pro 3 TWS နားကြပ်ကို ရောင်းချခဲ့ပြီး အသံအရည်အသွေး ကြည်လင်ပြတ်သားအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုတော့ သတင်းထောက် ၁ ယောက်က နားကြပ်ရဲ့ Noise Cancellation စွမ်းရည်ကို ဒုံးပျံလွှတ်တင်တဲ့ အနားမှာ စမ်းသပ်လိုက်ပါတယ်။

Huawei FreeBuds Pro 3

တရုတ် သတင်းထောက် ၁ ယောက်က စမ်းသပ်ခဲ့တာ ဖြစ်ပြီး သူက ဒုံးပျံလွှတ်တင်တဲ့ အချိန်မှာ နားကြပ်ရဲ့ အသံဟာ ကြည်လင်ပြတ်သားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဟာ ဘယ်လို စံနှုန်းတွေနဲ့ နားကြပ်ရဲ့ Noise Cancellation ကို စမ်းသပ်တိုင်းထွာခဲ့တာလဲဆိုတာ မသိရပါဘူး။

Huawei FreeBuds Pro 3 Wireless Earbuds With ANC 3.0, Up to 31 Hours Battery Life Launched: Price, Features | Technology News

ဒုံးပျံ အင်ဂျင်ရဲ့ အသံဟာ အလွန် ဆူညံတဲ့အတွက် လူတွေဟာ ဒုံးပျံ လွှတ်တင်တဲ့ နေရာကနေ ၅ ကီလိုမီတာ အကွာမှာ ကြည့်ရှုရပါတယ်။ ဒါဟာ အနီးဆုံး ကြည့်နိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။ ဒါတောင် ကြည့်ရှုသူတွေဟာ ဒုံးပျံရဲ့ ဆူညံသံကို ကြားနေရတုန်း ဖြစ်ပါတယ်။

အဲဒီ အခြေအနေမှာ စမတ်ဖုန်းရဲ့ အသံကိုတောင် ကြားရဖို့ ခက်ခဲပါတယ်။ အခုတော့ Huawei FreeBuds Pro 3 ရဲ့ Noise Cancellation က ဒုံးပျံရဲ့ ဆူညံသံကို ဖျောက်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒီစမ်းသပ်ချက်သာ မှန်ကန်တယ်ဆိုရင် Huawei နားကြပ်ရဲ့ စွမ်းရည်ဟာ ချီးကျူးစရာ ဖြစ်ပါတယ်။

Ref : huaweicentral