စူပါကွန်ပြူတာ တစ်လုံးက နေရဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်ကြောင့် နှစ်ပေါင်း ၁ ဘီလီယမ် ဝန်းကျင်အတွင်း ကမ္ဘာမှာ သက်ရှိတွေ မရှင်သန်နိုင်တော့ဘူးလို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

What If All Of The Rainforests On Earth Burned Down?

နာဆာ နဲ့ တိုဟို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အဲဒီ စူပါကွန်ပြူတာ မော်ဒယ်ကို ဖန်တီးထားတာဖြစ်ပြီး စူပါကွန်ပြူတာကို ကမ္ဘာမှာ သက်ရှိတွေ မရှင်သန်နိုင်တော့မယ့် အချိန်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ စူပါကွန်ပြူတာက နှစ်ပေါင်း 1,000,002,021 မှာ ကမ္ဘာမှာ သက်ရှိတွေ မရှင်သန်နိုင်တော့ဘူးလို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အရင်က သုတေသနစစ်တမ်းတွေကလည်း ကမ္ဘာကြီးမှာ အောက်ဆီဂျင် ပေါကြွယ်ဝမှုဟာ ထာဝရဖြစ်တည်နေမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ကမ္ဘာမှာ အောက်ဆီဂျင် နည်းပါးလာမှာ ဖြစ်ပြီး သက်ရှိတွေ အသက်သေဆုံးသွားနိုင်တယ်လို့ ပြောထားပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပျက်တဲ့ နေ့ ဖြစ်ပါတယ်။

A burning earth in the middle of a body of water. Earth globe water. -  PICRYL - Public Domain Media Search Engine Public Domain Image

အနာဂတ်မှာ ကမ္ဘာကြီးဟာ လူသားတွေ နေထိုင်လို့ မရအောင် ပျက်ဆီးသွားမယ်လို့ တချို့ ပညာရှင်တွေက ပြောကြားထားပါတယ်။ အဲဒီအထဲမှာ Elon Musk လည်း ပါဝင်ပါတယ်။ အဲဒီအတွက် သူဟာ လူသားတွေ အာကာသမှ တခြားဂြိုလ်တွေမှာ နေထိုင်လို့ရအောင် ကြိုးစားနေပါတယ်။

Ref : Tech Explorers